Part 4

543 48 2
                                    

Merlion park သွားပြီးနောက်ပိုင်း ရှောင်းကျန့်ကြုံရတဲ့ အရာကတော့ နေ့တိုင်းလိုလို ဝမ်ရိပေါ်နဲ့တွေ့ဖြစ်တော့တာပါပဲ။
WeChat ကနေ အမြဲအဆက်အသွယ်လုပ်နေပြီး ရုံးဆင်းတာနဲ့ ညစာစားဖို့အမြဲလာကြိုတတ်တဲ့ ကောင်လေးကြောင့်လဲ ရှောင်းကျန့်ကတော့ ပျော်မဆုံးပါပဲ။ နိုင်ငံခြားမှာတစ်ယောက်တည်းနေရတဲ့သူ့အတွက် သူငယ်ချင်းဆိုတာ အဖိုးတန်အရာတစ်ခုပဲ။ ရုံးကလူတွေနဲ့လဲခင်ပေမယ့် ထဲထဲဝင်ဝင် ရင်းနှီးတာမျိုးကျမဟုတ်ပြန်ဘူး။

"ကျန့်ကော ကျွန်တော်တို့ဒီနေ့ China Town ဘက်သွားကြမလား ? "
ခင်မင်ပြီးနောက်ပိုင် ဝမ်ရိပေါ်ကသူ့ကို့ ကျန့်ကောလို့ပဲခေါ်တော့သည်။ ဝမ်ရိပေါ်က မကြာခနရုံးကိုလာတာကြောင့် ရုံးကလူတွေပင်မျက်မှန်းတန်းမိကုန်ပြီဖြစ်သည်။
တရုတ်တန်းရောက်တာနဲ့ ပထမဆုံးသွားတဲ့နေရာက Yum Cha လို့ခေါ်တဲ့ဆိုင်ပဲ။ သူ့မှာစားချင်စဖွယ် အရောင်အသွေးစုံလင်တဲ့ဒင်ဆမ်းတွေရတယ်။ စားကြည့်လိုက်တော့လဲ အရသာက ရှန်ဟိုင်းမှာရှောင်းကျန့်စားနေကျ ရုံးနားက အန်တီကြီးဆိုင်တောင်သတိရမိသေး။ တစ်ဆက်တည်းဆိုသလို ကျန်ခဲ့တဲ့မိသားစုဟောင်း အကြောင်းကခေါင်းထဲရောက်လာတာမို့ မတွေးမိအောင်ခေါင်းခါလိုက်သေးတယ်။ သူကဒီမှာနေသားကျနေပြီမို့ အတိတ်ကအကြောင်းတွေမတွေးမိအောင်အမြဲနေတယ်။ တခါတလေညဘက်တွေမှာအဲ့အကြောင်းတွေးမိတိုင်းသူနာကျင်နေရတုံးပဲမို့။
ဒင်ဆမ်းတွေအပြင် အမဲသားခေါက်ဆွဲ ၂ ပွဲလဲထပ်မှာလိုက်သေးတယ်။ ထုံးစံအတိုင်းတစ်ပွဲက အစပ်မထည့်ဘူးနဲ့ တစ်ပွဲက ချဉ်စပ်စပ်။

စားသောက်ပြီးတာနဲ့ milk tea တစ်ခွက်စီကိုင်ပြီး စျေးတန်းနားက ဘုံကျောင်းနားလမ်းလျှောက်လာခဲ့တယ်။

"ဝါး... ကျွန်တော်ခုတလော အရမ်းစားမိနေတယ်လို့ကိုယ့်ကိုယ်ကိုထင်နေတယ်..."

"ကျန့်ကောကဒီထက်စားဖို့လိုသေးတယ်... စတွေ့တုန်းကဆိုလူကောင်ကတော်တော်သေးတာ..."

"ဟားဟား... အဲ့ဒါထက်ကို ရိပေါ်ခရီးထွက်ရမယ့်အချိန်ရောက်ရင် ကျွန်တော့်ကိုဘယ်သူကအဖော်ပြုမှာလဲ.. ကျွန်တော်တော့အကျင့်တွေပျက်ကုန်ပါပြီ..."

CAFFEINE Where stories live. Discover now