Part 12

370 34 1
                                    

ရှောင်းကျန့် ...

သူမအတွက်တော့ မုန်းဖို့အကောင်းဆုံးလူ။ ငယ်ကတည်းက လိမ္မာပြီး စာတော်တာကြောင့် တစ်အိမ်လုံးက သမီးရင်းထက်တောင်မျက်နှာပေးခံခဲ့ရသူ။ ပိုဆိုးတာက သူနဲ့ရောရောနှောနှောမနေဖူးတာကြောင့် အစ်ကိုတစ်ယောက်လိုမခံစားရတဲ့အပြင် ဒီလူကိုကြည့်လိုက်တိုင်းသူမကအရှုံးသမားလိုခံစားရစေတယ်။ ယခုတစ်ခါ ဖခင်ကိုအသုံးချပြီး သူမချစ်တဲ့သူကိုအရယူနိုင်ခဲ့ပေမယ့် ရှောင်းကျန့်ကြောင့်ပဲသူမကိုထားရစ်ခဲ့ပြန်တယ်။

"ဟက်... ရှောင်းကျန့် နင်ကတော်တော်ကျက်သရေမရှိတာပဲ"

++++++++++++++++++++++++++++++

" ဝမ်မင်.! မင်းအခုဘာဖြစ်ချင်နေတာလဲ မင်းပဲချစ်လှပါချည်ရဲ့ဆိုပြီး ခုမင်္ဂလာတောင်ဆောင်ပေးတော့မလို့လေ.."

" တောင်းပန်ပါတယ်အန်ကယ်.. တကယ်မချစ်ဘဲ ပေါင်းဖက်ရရင် အန်ကယ့်သမီးအတွက်လဲမကောင်းပါဘူး.. ကျွန်တော့်ကိုခွင့်လွှတ်ပါ.."

"ဟိတ်ကောင် မင်းဘာခွေးစကားတွေလာပြောနေတာလဲ ... မင်းအတွက်နဲ့ရှောင်းကျန့်ကိုတောင်...!!! "

" အဲ့အတွက်လည်းတောင်းပန်ပါတယ်အန်ကယ် တကယ်တော့ရှောင်းကျန့်အပြစ်မဟုတ်ပါဘူး အားလုံးကျွန်တော့်အမှားတွေပါ.."

"......."

လတ်တလောမှာတော့ ရှောင်းကျန့်တစ်ယောက်ကြောင်တောင်တောင်ဖြစ်နေတယ်။ သူ့အနေနဲ့နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲခံရသလိုဖြစ်နေတာကိုး။ ဝမ်ရိပေါ်ပေါ့ မပြောမဆိုနဲ့ ခရီးထွက်မယ်ဆိုပြီး အထုတ်တွေနဲ့ရုံးထိလိုက်လာလို့ သူ့မှာ အရေးကြီးကိစ္စရှိလို့ပါဆိုပြီး ခွင့်ချက်ချင်းယူပြီးလိုက်လာရတဲ့အဖြစ်လေ။
ခုသူတို့ရောက်နေတာက ဂျပန်က ကျိုတိုဆိုတဲ့မြို့ကလေးမှာဖြစ်သည်။ ရှေးဟောင်းနယ်မြေလိုမျိုးဖြစ်ပြီး ခရီးသွားဧည့်သည်အလာများတဲ့မြို့လည်းဖြစ်သည်။ ဝမ်ရိပေါ်က ဟိုတယ်မငှါးဘဲ ဂျပန်စတိုင်သစ်သားနဲ့လုပ်ထားတဲ့ homestay လိုနေရာလေးငှါးထားပြီးတကယ့်ကိုရိုးရာစတိုင်လှလှပပလေး ဖြစ်နေတာကြောင့် ရှောင်းကျန့်စိတ်တောင်မဆိုးရက်တော့။ ဒီရက်ပိုင်းအမှန်အတိုင်းဆိုရရင် စိတ်ရောလူရောအနည်းငယ်ပင်ပန်းနေခဲ့တာတော့အမှန်ပင်။ ဝမ်မင်ကလဲတောက်လျှောက် ဆက်သွယ်နေသလို အားချင့်နဲ့ သူ့မိဘတွေအကြောင်းကြောင့်လဲပါတယ်။ ဘယ်လိုပဲသူ့ကိုစွန့်ပစ်ခဲ့တယ်ဆိုဆို တစ်ချိန်တစ်ခါကပတ်သတ်ဖူးသူတွေပဲလေ။ ကောင်းသောလမ်းခွဲခြင်းနဲ့ပဲအဆုံးသတ်ချင်ခဲ့တာ။ အတွေးလွန်နေတဲ့သူ ခါးပေါ်မှတစ်ဆင့်ခပ်ဖွဖွသိုင်းဖက်လာတဲ့လက်တွေကြောင့် ကျောပါတောင့်သွားရသည်။ သူ့ပုခုံးပေါ်ကိုဝမ်ရိပေါ်ကမှေးတင်ရင်း ကလေးလေးလို သူ့ပါးနဲ့ပွတ်သပ်နေသည်။

CAFFEINE Where stories live. Discover now