Part 2

756 58 0
                                    

ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်

၆နာရီလောက်လေယာဉ်ပေါ်မှာအိပ်လာတာကြောင့် ရှောင်းကျန့်တစ်ယောက်လန်းဆန်းနေတယ်။ သူတစ်ခါမှစင်္ကာပူကိုမလာဖူးဘူး။ ချန်ဂီလေဆိပ်က အတော်လဲကြီးသလို လူလဲအတော်ရှူပ်တာကြောင့် ခေါင်းပါမူးချင်သလိုလိုဖြစ်လာပြီ။ Luggage ရွေးပြီးတာနဲ့ ကျန်းချန်အကူအညီနဲ့ ရှာထားတဲ့တိုက်ခန်းလိပ်စာကိုထွက်လာခဲ့တော့တယ်။ တိုက်ခန်းကအမှန်တော့ ပေကျင်းမှာနေထိုင်တဲ့ကျန်းချန်ရဲ့ ဒေါ်လေးပိုင်ဆိုင်တာဖြစ်ပြီး အခန်းလွတ်ဖြစ်နေမယ့်အတူ ရှောင်းကျန့်ကိုနေခိုင်းတာဖြစ်သည်။ ရှောင်းကျန့်အနေနဲ့ အခကြေးငွေအတင်းယူဖို့ပြောမှသာ စျေးသက်သာစွာနှင့်ငှါးနိုင်ခဲ့ခြင်းဖြစ်သည်။ စင်္ကာပူ Orchard Road အနီးမှာရှိတာကြောင့် ကာလပေါက်စျေးနဲ့တွက်ရရင် ရှောင်းကျန့်မငှါးနိုင်ပေ။ ပါးဆီမှာအလုပ်လုပ်တုန်းက ပါးလစဉ်ပေးတဲ့ ငွေကြေးကိုသာယူပြီး စုဆောင်းထားမိတာကြောင့် သာသူအခုလိုထွက်လာနိုင်ခြင်းဖြစ်သည်။

တိုက်ခန်းက လူမနေသောကြောင့် ကုတင်အလွတ်တစ်လုံးနှင့် ပရိဘောဂအနည်းငယ်တာရှိသည်။လိုအပ်သည်များကိုဝယ်ယူရန် ရှောင်းကျန်းအပြင်ထွက်ရအုံးမည်ဖြစ်သောကြောင့် မနားတော့ပဲ ရေအရင်ချိုးရန်ပြင်ဆင်လိုက်သည်။ လက်ဆွဲအိတ်ထဲမှာ ခရီးထွက်ရင်ဆောင်နေကျ ရေချိုးခန်းသုံးပစ္စည်းဘူးသေးလေးတွေယူလာလို့တော်တော့သည်။
ရှောင်းကျန့်တစ်ယောက် ရေချိုးပြီးမှခေါင်းမီးတောက်တော့သည်။ luggage ကသူ့အိတ်လိုပုံစံဖြစ်ပေမယ့် အထဲပါတဲ့ပစ္စည်းတွေကတော့ သူ့ဟာတွေမဟုတ်ခဲ့။ ကြည့်ရတာလေဆိပ်မှာသူအိတ်မှားယူလာတာမိတာဖြစ်နိုင်သည်။ လေဆိပ်ကိုဖုန်းခေါ်ရန်ဖုန်းကြည့်တော့မှ နံပါတ်စိမ်းတစ်ခုမှmissed call တွေ့သောကြောင့်ပြန်ဆက်ကြည့်လိုက်သည်။

"Hello ... Are you the one who took the flight from Shanghai? "
"........."
".................."
"..... ok see you there...."

အိတ်ပိုင်ရှင်နဲ့အဆက်အသွယ်ရပြီးနောက် ကံကောင်းစွာနဲ့သူက ကိုယ်နဲ့တစ်လမ်းကျော်မှာနေတဲ့သူဖြစ်နေပြန်ရော။ ဒါပေမယ့်ခက်တာကခုမှရေချိုးပြီးတဲ့ရှောင်းကျန့်မှာ ဝတ်စရာအဝတ်မရှိတာပင်။ မတတ်နိုင်... အားနာနာနဲ့ပဲ သူများအိတ်ထဲက ရှပ်တစ်ထည်နှင့်ဘောင်းဘီအတိုယူဝတ်လိုက်သည်။ ထည့်ထားသမျှအဝတ်တွေက ရှပ်ပွပွကြီးနှင့် ဘောင်းဘီများသာဖြစ်တာကြောင့် အဆင်ပြေပေမယ့် ဟိုဘက်လူက နားလည်ပေးမယ်လို့ယူဆရတာပါပဲ။ ပြီးတာနဲ့ရှောင်းကျန့်အဝတ်အိတ်ကိုယူကာ တိုက်ခန်းအောက်ဆင်းလာခဲ့သည်။ ကိုယ်ကလမ်းမသိတော့ သူလာယူပေးမယ်ပြောတာပဲ။

ရှောင်းကျန့်တို့တိုက်အောက်မှာပန်းခြံသေးသေးလေးရှိတာကြောင့် အနီးနားကခုံတန်းမှာထိုင်နေလိုက်သည်။ မကြာလိုက်ပါသူ့လိုအိတ်မျိုးလက်ကဆွဲပြီးလူတစ်ယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်။ နိုင်ငံခြားသားလို့ထင်ထားခဲ့တာစင်္ကာပူနိုင်ငံသားထင်ပါရဲ့။

" တရုတ်စကားပြောလား "

" ကျွန်တော်ရှန့်ဟိုင်းမှာမွေးပြီးအဲ့မှာပဲကြီးလာတာပါ.."

"Ahh..."

"ကျွန်တော်ဝတ်စရာမရှိတော့လို့ ခင်ဗျားထဲကတစ်စုံယူဝတ်လိုက်တယ် .. အဲ့ဒါဟို... ကျွန်တော်အသစ်တစ်ထည်ဖြစ်ဖြစ်လိုက်ဝယ်...."

"ထားလိုက်ပါ... ရော့ဒါကကျွန်တော့်ကတ် တစ်ခုခုအကူအညီလိုရင်ဖုန်းဆက်မေးပါ...ခင်ဗျားကြည့်ရတာလူသစ်ထင်တယ်.."

"ဟုတ်ပါတယ်....ဒီနေ့အတွက်ကျေးဇူးပါ ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်.."

"ဝမ်ရိပေါ်...."

"........"

"ကျွန်တော့်ကို ဝမ်ရိပေါ်လို့ခေါ်လို့ရပါတယ်"

"ဟုတ်ကဲ့ ကျွန်တော်ရှောင်းကျန့်ပါ.."

ရှောင်းကျန့်အိတ်ဆွဲပြီး အမြန်ပြန်လာခဲ့လိုက်သည် အိတ်ထားပြီးတာနှင့်နောက်တစ်ကြိမ်အပြင်ထွက်ရပြန်အုံးမည်။မဟုတ်ရင်ဒီည ဟိုတယ်မှာသွားအိပ်ရမယ့်ကိန်း.."

Orchard ကစင်္ကာပူရဲ့ မိန်းလမ်းတစ်ခုလိုဖြစ်နေတော့ စျေးဝယ်ရတာအလွန်လွယ်ကူသည်။ ရှောင်းကျန့်အိပ်ရာခင်းနှင့် မီးဖိုချောင်သုံးပစ္စည်းများကိုရွေးပြီးနောက် အိမ်အရောက်ပို့ဆားဗစ်အပ်ပြီးချိန်မှာတော့ ည၉နာရီပင်ထိုးချေပြီ။ ဗိုက်ကလဲအတော်ဆာနေပြီဖြစ်တာကြောင့် ရှော့ပင်းစင်တာထဲက စားသောက်ဆိုင်ထဲသာဝင်လိုက်ပြီး အမြန်စားသောက်လိုက်သည်။ ထို့နောက်တစ်ဖန် စင်တာထဲပြန်ဝင်ပြီး နောက်နေ့အတွက် ဟင်းရွက်အနည်းငယ်နှင့် ကိတ်မုန့်တစ်လုံးဝယ်ကာအိမ်ပြန်ခဲ့တော့သည်။ အိမ်ရောက်သည်နှင့်မှာထားသည့်ပစ္စည်းများကအခန်းဝတွင်ရောက်နေပြီမို့ ချက်ချင်းသွင်းကာ ပြင်ဆင်ရင်း ည၁၂ထိုးမှနားရတော့သည်။ ရေနောက်တစ်ခေါက်ပြန်ချိုးပြီး ကိတ်မုန့်စားကာ TV shows တစ်ခုကိုကြည့်နေတုန်း ကြမ်းပြင်ပေါ်ကြနေသည့်ကတ်လေးကိုကောက်ယူလိုက်သည်။
ဟိုကောင်လေးရဲ့ကတ်ပဲ။
" W-World Travel Agency "
ပင်ပန်းလွန်းတာကြောင့်ရှောင်းကျန့် ကိတ်မုန့်ကိုသိမ်းလိုက်ကာ အိပ်ရာဝင်လိုက်တော့သည်။ အိပ်မက်ထဲမှာတော့ လေဆိပ်ထဲမှာ luggage ပျောက်သွားလို့အတော်လေးဒုက္ခရောက်နေသတဲ့....။

❤️
CY.

CAFFEINE Dove le storie prendono vita. Scoprilo ora