Part 8

512 46 0
                                    


" ကို ..."

ဝရံတာမှာရပ်နေရင် နောက်ကျောကိုဖက်တွယ်ထားတဲ့ ရှောင်းချင့်ရဲ့ လက်တွေကြောင့် ဝမ်မင် သက်ပြင်းတစ်ခုချမိပြန်သည်။ သူဒီနေ့သက်ပြင်းမောတွေခနခနချမိနေပြီး စိတ်အခြေအနေသိပ်မကောင်း။ အမှန်ဆိုသူဒီချိန်မှာပျော်နေသင့်တာမလား။

"ကို့မျက်နှာသိပ်မကောင်းဘူး ဘာတွေများစိတ်ဆင်းရဲစရာရှိနေလို့လဲဟင်..?"

"ကိုယ် ဒီရက်ပိုင်းအလုပ်​တွေအမြန်ဆုံး လက်စသတ်နေရလို့ နည်းနည်းပင်ပန်းရုံပါ.. ချစ်ရော... pre wedding အတွက်စဉ်းစားပြီးပြီလား "

ဝမ်မင်နဲ့ ရှောင်းချင့်က နောက်တစ်လ ဆိုလျှင်ပင် လက်ထပ်တော့မည်ဖြစ်သည်။ ရှောင်းချင့်က မင်္ဂလာမဆောင်ခင် နိုင်ငံရပ်ခြားတစ်ခုမှာ ခရီးထွက်ရင်း pre weddingပုံရိုက်လျင်တယ်ဆိုလို့ သူလုပ်လက်စအလုပ်တွေကို အပြီးဖြတ်နေခြင်းပင်။ ခုတလော ရှောင်းကျန့်အကြောင်းမကြာခန တွေးမိသလို မင်္ဂလာပွဲအတွက်လည်း ရင်ခုန်မိနေတာမျိုးလဲမရှိတာကြောင့် သူ့ကိုယ်သူလဲနားမလည်နိုင်တော့။
"ကို.. ချစ်ပြောတာကြားရဲ့လား "

"ဆောရီး ကိုယ် အတွေးလွန်နေမိလို့ ချစ်ဘယ်ကိုသွားမှာ? "

"စင်္ကာပူ သွားချင်တယ် Garden By The Bays နဲ့ Botanic Garden ကပုံလှလှလေးတွေရိုက်လို့ကောင်းတယ်လေ... ပြီးတော့ စင်္ကာပူကစျေးဝယ်ဖို့လည်းအရမ်းအဆင်ပြေတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့.."

"ဟို .. ဒါပေမဲ့ ..'

"ဘာလဲကို ရှောင်းကျန့်ဆိုတဲ့ကျေးဇူးကန်းကောင်ကို တွေးမိလို့လား? သူအဲ့မှာရှိနေတာနဲ့ ချစ်တို့က အဲ့နေရာတွေကိုရှောင်ပေးနေရမှာလား? "

"မဟုတ်ဘူးလေချစ် ကိုယ်ပြောချင်တာက မတော်တဆများဆုံမိခဲ့ရင် ကိုယ်တို့၂ယောက်နေရခက်နေမလားလို့ အမှန်တိုင်းပြောရင်ကိုယ်လဲမှားခဲ့တာပဲလေ"

"တော်ပါ ပြီးခဲ့တာတွေကပြီးပြီပဲ တွေ့တော့လဲနှုတ်ဆက်လိုက်ကြတာပေါ့ .. နောက်တစ်ပတ်သွားဖို့ ကိုယ့်အလုပ်တွေအပြီးသတ်ထားလိုက်တော့နော်..."

"......"

ရှောင်းချင့်ပြောပြီးတာနဲ့ ဝမ်မင်ရဲ့ ရင်ခွင်ထဲမှီချလိုက်သည်။

CAFFEINE Where stories live. Discover now