Part 7

472 47 0
                                    


ရှောင်းကျန့်အခုသူစိတ်တွေအရမ်းလှုပ်ရှားနေတယ်။ ဘာလို့လဲဆိုတော့ သူအခုအရမ်းနာမည်ကြီးတဲ့ ဒီရိုလာကိုစတာကြီးကိုစီးရတော့မှာမို့ပဲ။ အဲ့မတိုင်ခင် transformers တို့ Jurassic Park တို့ကို သွားစမ်းခဲ့ပြီးသွားပြီ။ ရိုလာကိုစတာကစီးမယ့်သူများတော့ စောင့်နေရတာနည်းနည်းတော့ကြာနေပြီဖြစ်သည်။ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တန်းစီပြီးချိန်မှာတော့ သူတို့အလှည့်ရောက်လာပြီ။ ဘယ်လောက်ပဲအရမ်းမကြောက်ပါဘူးဆိုဆို နည်းနည်းလေးတော့ စိတ်ခုန်မိသား။ ထိုင်ခုံပေါ်ထိုင်လိုက်တာနဲ့ ဝမ်ရိပေါ်က သူ့လက်ကိုအားပေးသလိုလှမ်းကိုင်သည်။

"ကျန့်ကော ... အော်မှာလား "

"မအော်ပါဘူး .. ငါအဲ့လောက်အမြင့်မကြောက်တတ်ဘူး"

"ဟားဟား အပြောမကြီးနဲ့နော် ကျွန်ဆော်ခေါ်လာဖူးသမျှဧည့်သည်တော်တော်များများကတော့ ပထမဆုံးအကြိမ်အော်ကြတာကြီးပဲ"

"စောင့်ကြည့်နေလိုက်..."

ဝမ်ရိပေါ်ကမျက်ခုံးတစ်ဖက်တွန့်ပြပြီး ဘာမှဆက်မပြောတော့။ လူပြည့်တာနဲ့ တစ်ရွေ့ရွေ့နဲ့ အပေါ်ကိုတက်လာသည်။ အဲ့ထိကိုသူမကြောက်သေး အောက်ကိုလှမ်းကြည့်တော် တော်တော်လေးမြင့်သလိုခံစားနေရသည်။ ထိပ်ဆုံးနေရာကိုရောက်တာနဲ့ မြန်ဆန်တဲ့ အရှိန်နဲ့ အကုန်အောက်သို့ ဆွဲချသွားတော့သည်။

ရှောင်းကျန့်အခုထိ မထနိုင်သေး။ ရိုလာကိုစတာစီးသည့်အောက်မှာပင်ငုတ်တုတ်လေးထိုင်နေတုန်း။ အကြောင်းရင်းက သူဒူးတုန်နေလို့။ အောက်ကနေလှမ်းကြည့်တော့အရမ်းကြောက်စရာမကောင်းဘူးထင်ခဲ့မိတာ ခုတော့ဘယ်လိုပြီးသွားမှန်းကိုမသိလိုက် ။ ဘယ်သိမှာလဲ မျက်စိမှိတ်အော်နေမိတာကိုး။ ဝမ်ရိပေါ်ကရေသန့်ဘူးဖွင့်ပေးရင်းဘေးနားကပ်ထိုင်သည်။

"ကျန့်ကော မတ်တပ်မရပ်နိုင်ရင် ချီပေးရမလား "

"......."
"လာသွားမယ် တစ်ခုခုတော့တိုက် ချီပေးဖို့တော့မလိုပါဘူး🙄 "

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့လက်မောင်းကိုအားပြုကာမတ်တပ်ရပ်ရင်း Starbuck ဆိုင်လေးထဲသို့ဝင်ခဲ့လိုက်သည်။ ကော်ဖီသောက်နေတုန်း ဝမ်ရိပေါ်က ပုံလေးတစ်ပုံထုတ်ပြလာသောကြောင့် သူပင်အံ့ဩသွားသည်။ ဒီပုံရိုက်ထားတာသူတစ်ကယ်မသိဘူး။

CAFFEINE Où les histoires vivent. Découvrez maintenant