Part 9 🍓

971 61 2
                                    

⚠️ အသက်ပြည့်မှဖတ်စေချင်ပါတယ်⚠️

" ကျန့်ကော ဒီညဒီမှာအိပ်သွားချင်လား "

"......."

ည ၁၀ နာရီရှိနေပြီ။ ရှောင်းကျန့်ဒီမှာနေဖို့ဆုံးဖြတ်မိတာကိုနောင်တပင်ရချင်လာသလိုလို။ သူနေခဲ့မယ်လဲဆိုရော ဝမ်ကိုယ်တော်က ရေခဲသေတ္တာထဲက ဘီယာဘူးတွေအကုန်သယ်ချလာပြီး ဘယ်သူကပိုသောက်နိုင်လဲဆိုတဲ့ဂိမ်းကိုအပြိုင်ဆော့နေရခြင်းပင်။
နောက်ဆုံးလက်ကျန်တစ်ဘူးစီကိုမော့ပြီးချိန်မှာတော့ ၂ ယောက်သားစားပွဲပေါ်ခေါင်းတင်ထားရတဲ့အနေအထားဖြစ်နေပြီ။ မူးလားဆိုတော့လဲမမူးဘူး မမူးဘူးလားဆိုတော့လည်း မူးတယ်..။

ခနကြာတော့ ရှောင်းကျန့်တစ်ယောက်ခေါင်းထောင်လာပြီး ဆိုဖာပေါ်တက်လှဲလိုက်တယ်။ ဝမ်ရိပေါ်ကတော့ စားပွဲပေါ်မှာမှောက်နေတုန်းပဲ။ ဘယ်တတ်နိုင်ပါ့မလဲ ပထဆုံးကောင်လေးအိမ်အလည်လာတဲ့နေ့မှာ ဒီလိုပုံစံနဲ့ဖြစ်သွားရမယ်လို့။ အိပ်သာအိပ်နေရတာ လူကနိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတယ်။ ခနကြာတော့ဝမ်ရိပေါ်နိုးလာတဲ့အသံကြားရတယ်။ခြေဖွဖွလေးနဲ့ မီးတွေလိုက်ပိတ်နေတဲ့အသံလည်းကြားရတယ်။ပြီးတဲ့အခန်းထဲဝင်သွားပြီး ပြန်ထွက်လာတယ်။ ရှောင်းကျန့်အသံတွေကြားနေရပေမယ့် သူမလှုပ်ချင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ရုတ်တရက်သူ့ကိုယ်ပေါ်ကိုစောင်လာခြုံပေးတာခံစားရတယ်။ ပြီးတဲ့နောက်မှာတော့ သူလုံးဝကိုနိုးသွားပြီဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်ရိပေါ်တစ်ယောက်စောက်အောက်ကနေဝင်လာပြီး ခပ်သေးသေးဆိုဖာပေါ်မှာ သူနဲ့အတူဝင်လှဲလိုက်တာပဲဖြစ်ပါတယ်။ သူရင်တွေအရမ်းခုန်နေသလိုခံစားနေရတယ်။ ဆိုဖာအသေးလေးသာဖြစ်တာကြောင့် ၂ယောက်သားပက်လက်အိပ်လို့မရတာကြောင့် ဘေးတစောင်းလှဲနေရတယ်။ ဝမ်ရိပေါ်ကသူ့နောက်ကနေလှဲနေတာဖြစ်ပြီး သူ့ကိုလဲခပ်တင်းတင်းဖက်ထားသေးတယ်။ သူ့ဝင်သက်ထွက်သက်တွေက ရှောင်းကျန့်နားထင်နားလေး ဖြစ်နေတာကြောင့် သူမနေတတ်တော့လို့ ရုန်းဖို့လှုပ်လိုက်တယ်။

"ကော ... အတူတူနေကြရအောင်..."
"ဝမ်ရိပေါ်...!!!! "

"အတည်ပြောနေတာ အတူတူနေကြရအောင် ... ကောကိုပိုင်ဆိုင်ခွင့်ရထားတာမကြာသေးပေမယ့် ကျွန်တော်လောဘကြီးချင်တယ်.."

CAFFEINE Where stories live. Discover now