Part 11

391 38 0
                                    

//You don't know, babe
When you hold me
And kiss me slowly
It's the sweetest thing
And it don't change
If I had it my way
You would know that you are
You're the coffee that I need in the morning
You're my sunshine in the rain when it's pouring
Won't you give yourself to me
Give it all, oh
I just wanna see
I just wanna see how beautiful you are
You know that I see it
I know you're a star //
- Best Part lyrics -

သီချင်း လေးကိုဖွဖွလေးညည်းရင်း ရှောင်းကျန့်အထုပ်အပိုးလေးတွေပြင်နေမိသည်။ နှုတ်ခမ်းပါးလေးမှာလဲအပြုံးလေးတွဲခိုလို့။ နေတာမကြာသေးပေမယ့် ဒီအခန်းလေးကိုသူတကယ်သဘောကျပါသည်။ ဒါပေမယ့် ဝမ်ရိပေါ်က သူနဲ့အတူလာနေစေချင်သလို ရှောင်းကျန့်အနေနဲ့လဲ သူများအိမ်မှာနေတာထက် ကိုယ့်ချစ်သူအိမ်မှာနေတာက စိတ်ပိုလွတ်လပ်တယ်လို့ခံစားမိလို့ပင်။ ဟိုတစ်ပတ်က ကျန်းချန်ကို အခန်းပြောင်းတော့မယ့်အကြောင်းနဲ့ ချစ်သူသစ်အကြောင်းပြောပြတော့ အကြာကြီးနေမှပြောရကောင်းလားဆိုပြီး စိတ်ဆိုးသွားသေးသည်။ လူပျိုကြီးလည်းမြန်မြန်စွံမှပါ။ ခနကြာတော့ ဝမ်ရိပေါ်ရောက်လာတာကြောင့် အမြန်ပဲသိမ်းဆည်းပြီး ပြောင်းလာခဲ့လိုက်တော့သည်။ ဝမ်ရိပေါ်မျက်နှာကတော့မှိုရတဲ့မျက်နှာလိုပဲ တစ်နေကုန်ပြုံးနေတော့တာပဲ။

မနက်ရောက်တော့ ဝမ်ရိပေါ်ကသူ့ကိုရုံးထိအရင်လိုက်ပို့ပေးပြီးတော့ သူ့ရုံးခန်းကိုဆက်သွားတယ်။ ညနေရုံးဆင်းချိန်ရောက်မှာကိုတော့ရှောင်းကျန့်တော်တော်လေးစိတ်လှုပ်ရှားနေမိတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်ရိပေါ်ကရုံးခန်းကိုလာခဲ့ဖို့ပြောထားလို့။ရုံးကိုအလည်းရောက်ဖူးစေချင်ပြီး ရုံးဝန်ထမ်းတွေနဲ့ပါမိတ်ဆက်ပေးစေချင်တဲ့သဘော။ ဒီလိုကျတော့လည်း ဝမ်ရိပေါ်ကသူ့ကိုတကယ်ချစ်တာပဲဆိုပြီးတွေးပြီး ကြံဖန်ဂုဏ်ယူရသေးတယ်။

ညနေရုံးဆင်းပြီးလို့ ဝမ်ရိပေါ်တို့ agency ကိုအပြေးလာခဲ့ပေမယ့် သူတို့ရုံးကလူစုံနေတုန်းပင်။ ကြည့်ရတာ ခရီးသွားအေဂျင်စီမို့ထင်ပါရဲ့ ဖုန်းသံတွေ ဧည့်သည်တွေနဲ့လူစည်နေတုန်းဖြစ်သည်။ တချို့ခရီးသွားတွေကျ night tour တို့ဘာတို့ယူကြတာလဲရှိတော့ ညဘက်ထိတာဝန်တွေရှိကြတာဖြစ်နိုင်သည်။ ရှောင်းကျန့်ရုံးခန်းကိုပဲတိုက်ရိုက်သွားလိုက်ပြီး မဝင်ခင် ဘေးနားက ဝန်ထမ်းကောင်လေးကိုဝမ်ရိပေါ်ရှိမရှိတစ်ချက်မေးလိုက်သေးသည်။

CAFFEINE Where stories live. Discover now