Part 6

481 49 0
                                    


ခါးပေါ်မှာတင်းကြပ်ပွေ့ဖက်ထားတဲ့ လက်တစ်စုံရယ် နှုတ်ခမ်းပေါ်မှာ မက်မက်မောမောနမ်းရှုပ်နေတဲ့ နှုတ်ခမ်းတစ်စုံရယ်ကြောင့်ရှောင်းကျန့်တစ်ယောက်တော်တော်ကြီးကိုမောဟိုက်လာသလိုခံစားနေရတယ်။ မနေနိုင်စွာတွန်းထုတ်ပစ်တော့ နှုတ်ခမ်းသားခြင်းဝေးကွာသွားပေမယ့် ခါးပေါ်ကလက်တစ်စုံကိုမူ မလွှတ်သွားချေ။

"မင်း ဘယ်လိုစိတ်နဲ့များငါ့ကို..."

"...ကျန့်ကော...."

"ကျန့်ကော...ကျွန်တော့်ကောင်လေး ဖြစ်ပေးနိုင်မလား .."

"......."

" တခြားဘာရည်ရွယ်ချက်နဲ့မှမဟုတ်ဘဲ ဒီတိုင်း...... ဒီတိုင်း ကောကို သဘောကျမိတာပါ..သတိထားမိတာကြာပြီဆိုပေမယ့် ဒါကိုအချစ်လို့မထင်ခဲ့မိဘူး.. ဒါပေမယ့်ကောကို ခုလိုတခြားသူနဲ့တွဲမြင်ရတာကျွန်တော်လုံးဝ အဆင်မပြေဘူး... စဉ်းစားပေမယ်မဟုတ်လားဟင်... ကော"

စကားတွေအများကြီးပြောနေတဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်ပြူးပြူးလေးသာကြည့်နေမိတယ်။ သူကရုတ်တရက် အနမ်းခံလိုက်ရပြီး ရုတ်တရက် ရည်းစားစကားပြောခံနေရတာပဲ။ ပြီးတော့သူလုံးဝမထင်ထားတဲ့ ဝမ်ရိပေါ် ?? ဝန်မခံချင်ပေမယ့် ဝမ်ရိပေါ်ကိုသူအနည်းငယ်စိတ်ကစားနေမိတာအမှန်ပါ။ တခြားသူကပေးတဲ့ဂရုစိုက်မှုထက် ဒီကောင်လေးပေးတဲ့ဂရုစိုက်မှုအပေါ်ပိုပြီးသာယာမိတာမျိုးပေါ့။ ဒါပေမယ့် သူချက်ချင်းကြီးတော့ဝန်မခံသေးလဲဖြစ်တယ်မဟုတ်လား.?!

"မင်းလက်ကိုအရင်လွှတ်လိုက်... ခုချက်ချင်း!! "

မျက်နှာရဲတက်နေတဲ့ ကောင်လေးကို ကြည့်ရင်းနဲ့သနားစိတ်လေးဝင်လာတာကြောင့် ဝမ်ရိပေါ်လက်ကိုလွှတ်ပေးလိုက်သည်။ ဒါပေမယ့် ချက်ချင်းပဲ လက်ဖဝါးကိုဆွဲယူကာဖမ်းကိုင်ထားလိုက်သည်။

" ဝမ်ရိပေါ်..!!!"

"အိမ်ပြန်လိုက်ပို့ပေးမယ်... ဘာမှမလုပ်ဘူးစိတ်ချ"

"လက်ကိုလွှတ်ပေး..."

"အန်ကယ်ကတော့ နိုးပါ.."

ရှောင်းကျန့်တစ်ယောက်လေပူမှုတ်ထုတ်ရင်းသာသူဆွဲခေါ်ရာပါခဲ့တော့သည်။ လမ်းတစ်လျှောက်လုံး ခုနကကိစ္စကိုအနည်းငယ်ရှက်နေသေးတာကြောင့် စကားစမပြောရဲသလို သူ့ဘက်ကလဲမပြောခဲ့။ ထူးထူးဆန်းဆန်းနေရခက်တာမျိုးတော့ ၂ ယောက်လုံးမခံစားရပေ။ တော်တော်လေးရင်းနှီးခဲ့တဲ့သူတွေဖြစ်တာကြောင့်လဲပါမည်။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့လိုကိစ္စကတော့ နည်းနည်းလေး ရှက်သလို ရယ်လဲရယ်ချင်နေမိတာပင်။
ဒီလိုနဲ့သာလမ်းလျှောက်ရင်းတိုက်ခန်းအောက်ရောက်လာတော့သည်။

CAFFEINE Where stories live. Discover now