Ep - 1

5.9K 211 1
                                    

ခွပ်!
ယောကျာ်းတယောက်ရဲ့ပြင်းအားကောင်းကောင်းနဲ့ထိုးလိုက်တဲ့လက်သီးတချက်ကြောင့် လီဆာမြေပြင်ပေါ်ထိုးကျသွားပြီးပါးစပ်ထဲကနေပါသွေးတွေအန်ထွက်လာတယ် ၊နောက်ပြီးဒီလက်သီးကပထမဆုံးအချက်လဲမဟုတ် ။

လူကြီးတယောက်မှ လီဆာ့ရဲ့သွေးတွေစွန်းနေပြီဖြစ်တဲ့ကော်လံကိုခပ်ကြမ်းကြမ်းဆွဲပြီး လဲကျနေတဲ့လီဆာ့ကိုပြန်ဆွဲတင်လိုက်တယ်

" သောက်ကလေးမ ဘယ်မှာလဲလို့ငါတို့ငွေတွေ နင်ငါ့ဆိုင်ထဲကခိုးသွားတာငါသေချာမြင်လိုက်တယ် ပြောစမ်း "

" ကျမ မရှိဘူးလို့ပြောပြီးပြီလေ "
လီဆာဖြေးဖြေးချင်းပြောလာတဲ့စကားတွေကအရမ်းကိုလုံးထွေးနေပြီ

" ဟာ သောက်ကမ "
ထိုလူကြီးကအားကုန်အော်လိုက်ပြီး နောက်ထပ်အားပြင်းပြင်းလက်သီးတလုံးရွယ်လိုက်တော့

" ဟေး ရပ်ကြစမ်း "
မှောင်မဲနေတဲ့လမ်းကြားကျဉ်းကျဉ်းလေးထဲကို ရဲအင်းအားအနဲငယ်ကဓာတ်မီးတွေနဲ့ထိုးပြီးပြောလာတော့ ထိုလူကြီးနှင့်အပေါင်းအပါများကအရမ်းကိုလန့်သွားကြပြီး ပြေးရန်
ပြင်တော့သည်

" သောက်ကမ နင်နဲ့ငါမပြီးသေးဘူး နောက်တခါပြန်တွေ့ရင်ငါ့ပိုက်ဆံတွေပါပါစေ "

ထိုလူကြီးမှအလျင်စလိုပြောပြီး နောက်ဆုံးအနေနဲ့အားမရှိ
တော့တဲ့လီဆာခန္ဓာကိုယ်လေးကို လဲကျသွားအောင်ကန်ခဲ့လိုက်သေးတာ

ထို့နောက် ရဲများကအပြေးအလွားရောက်လာကြပြီး
" ကလေးမလေး သတိထားဦး "

လီဆာအရမ်းကိုအိပ်ချင်နေပြီ မျက်လုံးတွေကလဲအရမ်းကိုလေးလန်နေပြီမို့ ၊ထို့နောက်မျက်လုံးလေးကိုမှိတ်ချလိုက်ပြီး လေတွေအရမ်းကိုတိုက်ခတ်နေတဲ့တောင်ကုန်းပြင်ကြီးတခုကိုလီဆာရောက်သွားတယ် ၊ထိုနေရာကလီဆာအမြဲတမ်းသွားချင်နေပြီးဘယ်တော့မှမရောက်ဖြစ်သည့်နေရာ ။

###########

အိမ်မက်တခုကနေနိုးထလာပြီလို့ထင်ရပြီးမျက်လုံးလေးကိုအသာဖွင့်လိုက်တော​့ မီးရောင်မှိန်မှိန်နှင့် မျက်နကျက်အဖြူကိုအရင်ဆုံးတွေ့ရတယ် ၊ထို့နောက် ဘေးနားကနေဖြေးဖြေးချင်းတိုးလာတဲ့လူတွေရဲ့စကားပြောသံတွေ

They belong each otherWhere stories live. Discover now