Ep - 5

1.4K 138 1
                                    

" ဟို ရှိ..ရှိပါတယ် "

တကယ်ကလီဆာ့ဆီမှာလောလောဆယ်ပြောစရာစကားမရှိနေ သို့သော် ဒါဟာသူမနှင့်စကားပြောခွင့်ရဖို့အခွင့်အရေးဖြစ်တာမို့ လီဆာကြိုးစားနေမိတယ်

" ငါ့ကိုကြောက်နေတုန်းလား ဘာလဲငါကရဲမို့လို့လား "

" မဟုတ်ပါဘူး "

" အ့တာဆိုသက်တောင့်သက်သာပြောလို့ရတယ် မင်းကဆိုးနဲ့တွေ့ရင်စကားများနေပြီး ငါနဲ့ကျဘာလို့တွန့်ဆုတ်နေရတာလဲ "

" ဟို ဟို.. "

ဂျန်ဒီလိုပြောလာမှ သူတကယ်ပဲဆိုးနဲ့ဆိုစကားများမိသွားတာလားတွေးမိတော့တယ်

စကားပြောဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့သူလေးကို ဂျန်ဟာအဝေးကိုငေးကြည့်နေရာမှလှည့်ကြည့်လာတယ်

" သေချာနေတာပဲ မင်းငါ့ကိုကြောက်နေတယ်ဆိုတာ ကဲ ပြောကြည့် ငါ့မှာဘာကြောက်စရာရှိနေတာလဲ "

ထိုအခါ ခေါင်းလေးအသာပြန်မော့လာပြီး

" မမမှာဘာမှကြောက်စရာမရှိပါဘူး "

" ဒါဆိုမင်းကဘာကိုကြောက်နေတာလဲ "
( ဂျန်စိတ်ရှည်နေတာမြင်ဖူးလား မမြင်ဖူးရင်ဒီမှာကြည့် )

" ဟို လီလီစကားများရင် မမ မကြိုက်မှာဆိုးလို့ပါ "

ထိုမှဂျန်ခပ်ရေးရေးပြုံးမိသွားပြီး ကလေးကသူမကို အားငယ်ပြီးကြောက်ရွံ့နေတာဖြစ်မယ်လို့တွေးမိသွားတယ်

" ငါကဘာလို့မကြိုက်ရမှာလဲ နောက်ခါတွေမှာစကားများများပြောပါဘယ်သူနဲ့ပဲဖြစ်ဖြစ် လူတွေနဲ့စကားပြောတာများမှ လူတွေအကြောင်းသိမှာပေါ့ "
( သူကျ မပြောဘဲနဲ့ )

" ဟုတ် မမ "
ကလေးက 'ဟုတ် မမ'လို့ပြောလာတိုင်း သတိမထားမိစွာပြုံးမိတယ် " ဒီကလေးကလိမ္မာမယ့်ပုံလေးပါ "

" မင်း ဂေဟာကိုပြန်မသွားချင်ဘူးလား "

ထိုမေးခွန်းကိုမေးလိုက်မှ ရုတ်တရုပ်ညိုးငယ်သွားတဲ့ သူလေးရဲ့မျက်နှာကိုကောင်းကောင်းမြင်လိုက်ရတယ်

" ဟင့်အင်း မမကပြန်သွားစေချင်လို့လား "

ဘလိုတောင်ပြန်ဖြေရမလဲ ဒီခလေးကမျက်လုံးဝိုင်းဝိုင်းတွေနဲ့ညိုးငယ်စွာပြောနေတာ..

They belong each otherWhere stories live. Discover now