Ep - 24

1.5K 102 2
                                    

ဒီနေ့ဟာ ချယ်ယောင်းရဲ့ graduation အတွက် လက်ဆောင်ဝယ်ပေးဖို့ လီလီနဲ့ဂျန်နဲ့ shopping mallတခုကို အတူတူရောက်နေကြတယ်

" လီလီ ခနနော် "

Tiffany & Co ဆိုတဲ့ဆိုင်လေးထဲကနေ လီလီ့ကိုခနထားခဲ့ပြီး အရေးကြီးတဲ့အမူကိစ္စအကြောင်းဖုန်းဝင်လာလို့ သူမ
ထွက်ပြောနေလိုက်တယ်

လီလီကတော့ သူတို့နယောက်ရွေးထားတဲ့အထဲက ချယ်ယောင်းနဲ့အလိုက်ဖက်ဆုံးတခုကို သေချာအာရုံစိုက်ပြီးရွေးချယ်နေတာပေါ့ ၊

ဆိုင်အပြင်မှာ ဖုန်းရပ်ပြောနေတဲ့သူ့မမကို တချက်လှမ်းကြည့်ပြီး ပြုံးပြလိုက်သေးတယ်

" ကျမမှာထားတဲ့designမရသေးဘူးလား! "

လီလီနဲ့တဆိုင်ထဲ မလှမ်းမကမ်းအနောက်ဖက်ခြမ်းမှ မိန်းမတယောက် အသံကိုမြှင့်ပြောနေတာကြားနေရတယ် ၊သို့သော် လီလီတယောက် ပစ္စည်းတွေရွေးနေတဲ့အပေါ်မှာပဲ အာရုံအပြည့်အဝထားထားတယ် ၊

" တောင်းပန်ပါတယ်မမလေး ညမတို့ဘက်က သေချာပြင်ဆင်နေတာမလို့ အချိန်ယူရလို့ပါ "

" ရက်ကကပ်နေပြီလေ! ငါမဝတ်လိုက်ရရင်ဘလိုလုပ်မလဲ! "

" တောင်းပန်ပါတယ်ရှင် အချိန်မှီအောင်အစွမ်းကုန်ကြိုးစားပေးပါ့မယ် "

ဝန်ထမ်းမလေးတွေ နယောက်သုံးယောက်ကတော့ ခါးတွေကို90'ကိုင်းလျှက် အလိုမကျနေတဲ့customerကြီးအပေါ်
အနူးအညွှန့်တောင်းပန်နေကြတယ်

" ဟာ.. တကယ်ပဲစိတ်ဖီးစီလိုက်တာ "

ထိုအမျိုးသမီးရဲ့မျက်နှာမှာတော့ ခရမ်းချဉ်သီးမီးဖုတ်ထားသလိုရှုံတွနေပြီး ညီးညူနေပေမယ့် သူမနှင့်မလှမ်းမကမ်းမှာ ဝန်ထမ်းမလေးတယောက်နဲ့ရယ်မောပြီး ဈေးဝယ်နေတဲ့ကောင်မလေးတယောက်ကို သူမရုတ်တရက်တွေ့လိုက် ရတယ် ၊

ထို အမျိုးသမီးမှာ စိတ်ဝင်တစားမျက်မှောင်ကိုဖြေးဖြေးချင်းကုတ်ပြီး အလှဆုံးပြုံးရယ်နေတဲ့ကောင်မလေးကို
စူးစမ်းမျက်ဝန်းတွေနဲ့စိုက်ကြည့်နေပါတော့တယ်

လှလိုက်တာ.. ဘာလို့ဆိုင်တဆိုင်လုံးမှာ သူရှိနေတဲ့နေရာပဲကွက်လင်းနေရတာလဲ.. ငါကတော့ဒေါသတွေနဲ့မွန်းကြပ်နေပေမယ့် သူ့ကြည့်ရတာအေးအေးချမ်းချမ်းနဲ့သာယာလိုက်တာ.. ငါကတော့ အသက်အရွယ်နဲ့မလိုက် ဒီဘာမဟုတ်တဲ့ကလေးမတွေနဲ့အငြင်းပွားနေရတယ်.. အို.. ရှက်ဖို့ကောင်းလိုက်တာ.. ဘယ်သူ့သမီးလေးများလဲ.. သေချာကြည့်လေ သူ့မျက်ဝန်းတွေကပိုကြည်လတ်လာလေပဲ... တကယ်ပဲ နတ်သမီးလိုလှတဲ့သူတွေကဒီကမ္ဘာမှာ တကယ်ရှိနေတာလား...

They belong each otherWhere stories live. Discover now