Ep - 22

1.4K 103 1
                                    

" လီဆာ.. နင်ကျောင်းအစောကြီးရောက်နေတာလား "

အမှန်တော့ လီလီနဲ့ချယ်ယောင်းတို့နယောက်ဟာ အမြဲတမ်းကျောင်းစောစောလာတတ်ကြသူများဖြစ်ပြီး ၊ မနက်ခင်းတိုင်း သူတို့နယောက်ထိုင်တတ်တဲ့ ပန်းခြံကခုံလေးမှာ လီလီကဒီနေ့တော့ ပိုစော၍ရောက်နေတယ် ၊

" ဟုတ်တယ် နင်လဲဒီနေ့စောသားပဲ "

" စောမှာပေါ့ ငါ့ကိုအွန်နီးကဖုန်းဆက်လာတာ နင်ကျောင်းကိုစောစောသွားတယ်ဆိုလို့လေ ငါကလဲစောစောလာရတာပေါ့ နင်တယောက်တည်းဖြစ်နေမှာဆိုးလို့ "

ထိုအခါ လီလီကဘာမှမပြောဘဲ ရယ်ပြုံးနေသည် ၊ဒါတွေက ထုံးစံထဲကထုံးစံတွေပဲမို့လို့ လီလီ့အတွက်တော့ရိုးနေပါပြီ

" ပြောပါဦး ဘာလို့ကျောင်းကိုအစောကြီးလာတာလဲ "

" နင့်ကိုမြန်မြန်တွေ့ချင်လို့လေ "

" မဖြစ်နိုင်တာအေ.. ငါ့ကိုတခြားဟာလိမ်ပြောစမ်းပါ "

ထိုအခါ နယောက်သား ဟက်ဟက်ပက်ပက်ရယ်ကြသည်

" တကယ်ပြောတာပါ နင့်ကြောင့်လဲပါပါတယ် နောက်ပြီးတော့ မမကြောင့်လဲပါတာပေါ့ "

" အွန်နီးကြောင့်ပဲနေမှာပါ ငါ့ကိုအပိုလုပ်ပြီးထည့်ပြောမနေပါနဲ့ "

" တကယ်ပါဆို.. ငါဘာကြောင့် ကျောင်းကိုအမြဲတမ်းစောလာလဲသိလား "

" ဟင့်အင်း.. ဒီတိုင်းနင်လာချင်လို့လာတာမဟုတ်ဘူးလား "

ထိုအခါ လီလီကခေါင်းကိုအသာရမ်းခါသည်

" အကြောင်းရှိတယ် အဲ့တာ.. နင့်နဲ့အချိန်ပိုတွေ့ရဖို့ "

ချယ်ယောင်း လီလီ့မျက်ဝန်းတွေကိုကြည့်တော့ စနောက်နေတာမဟုတ်မှန်းသိလိုက်တယ် ၊

" ငါတို့က ကျောင်းမှာအခန်းလဲတူတာမဟုတ်ဘူးလေ..
နင့်ကိုအချိန်ပိုပိုတွေ့ရဖို့နည်းကို ကုပ်သပ်ပြီးရှာရတာပေါ့
ငါကကျောင်းဆင်းချိန်ကျတော့လဲ မမကိုတွေ့ချင်လို့စောပြန်ချင်နေတာနဲ့ပ​ဲ ငါ့မှာအချိန်မရတော့ဘူး.. အဲ့တော့ နင့်ကို
ကျောင်းမှာစောစောတွေ့ရဖို့မနက်တိုင်းစောစောလာတယ်ဟာ ရှင်းပြီလား "

They belong each otherWhere stories live. Discover now