Ep - 8

1.3K 132 1
                                    

~ ဒေါက် ဒေါက်! ~
စိတ်လှုပ်ရှားနေတဲ့ရင်ဘက်ကိုဖိပြီးတံခါးခေါက်လိုက်သည်

ပွင့်လာတဲ့အခန်းတံခါးလေးနောက်ကွယ်က မမကိုမြင်လိုက်ရတော့ အသက်ရှူတောင်ရပ်သွားမတတ်ပါပဲ..

" လီလီ မအိပ်သေးဘူးလား "

အိပ်ချိန်ရောက်နေတာသိပေမယ့်လဲ မမအနားမှာစက္ကန့်ပိုင်းလောက်ဖြစ်ဖြစ်ပိုနေရဖို့ ဒီဦးနှောက်ကြီးကလွတ်နေတိုင်း
စဉ်းစားမိတယ် လီလီဟာ ဘလောက်ပဲအတိတ်ကကျစ်လစ်စွာနေတတ်သူဖြစ်ဖြစ် မမနဲ့ပက်သက်ရင်တော့ ဒီစိတ်တွေဟာမထိန်းနိုင်ခဲ့ဘူး အခုလဲရှိရှိသမျှအကြံထုတ်ကာ မမအခန်းရှေ့ရောက်လာရပြီ...

" လီလီ? "

" ဟို.. မမ လီလီnetflixကြည့်ချင်လို့ "

ကလေးကသူမနဲ့စကားပြောတိုင်းမရဲမရဲဖြစ်နေသေးတယ်
တကယ်ဆိုငါကသူရဲ့မွေးစားသူပဲ.. ဆိုးတို့ဆရာမင်တို့နဲ့ကျ
ရင်နှီးပြီးဘာလို့ငါနဲ့ဆိုစိမ်းနေသလိုခံစားနေရတာလဲ ဒါကတကယ်မဖြစ်သင့်ဘူး..

" ဝင်လာလေ လီလီ "

တံခါးကိုကျယ်ကျယ်ဟပေးလာတော့ အပျော်ဆို့ကာဖြေးဖြေးချင်းဝင်သွားမိတယ်.. မမအခန်းကဘာလို့ မှောင်နေရတာလဲ မီးဖွင့်ထားပေမယ့် မီးကမှိန်လွန်းနေတယ် မမရဲ့
စားကြည့်စားပွဲနှင့် မှန်တင်ခုံလေးမှာတော့ မီးလေးတွေကအသာလင်းနေတယ် သို့သော် တခန်းလုံးရဲ့အငွေ့အသက်ကခြောက်ကပ်ကပ်နှင့်မှိန်လျလျနှင့်သာ.. သို့သော်
ဒီနှခမ်းကြီးကမထိန်းနိုင်စွာပြုံးမိလာတယ် ဒီနှခေါင်းတွေက မမရဲ့အနံ့လေးရခွင့်ရနေတာကိုရောကျေနပ်မိတယ်..

" ဒီနေ့တော့ဘာကားကြည့်မလဲ "

သူမကlaptopလေးယူလာပြီး ဆိုဖာခုံရှေ့ကစားပွဲလေးမှာနေရာချရင်းမေးလာတယ် ၊ကြည့်ချင်တာများနေ၍အကြာကြီးရွေးပြီးမှ repunzel ကာတွန်းကားလေးနဲ့သာအဆုံးသတ်တယ် ၊

မမက လီလီ့အတွက်တော့ Angelလေးလိုပါပဲ
လီလီတယောက်တည်းကြည့်ရတာပျင်းမှာဆိုးလို့နဲ့တူပါတယ် သူရဲ့အလုပ်တွေမြန်မြန်အပြီးသက်ပြီး လီလီဘေးနားမှာဝင်ထိုင်လာပြီး လီလီနဲ့ကြည့်ပေးလာတယ်.. မမအရွယ်နဲ့
ကာတွန်းကားတွေမကြည့်သင့်တော့ပေမယ့်လဲပေါ့..

They belong each otherWhere stories live. Discover now