Ep - 4

1.5K 148 2
                                    

မမအမြင်မှာစိတ်ပျက်စရာကောင်းတဲ့စိုးသွမ်းတဲ့ကောင်မ
လေးမျိုးမဖြစ်ချင်ဘူး ၊ကျမလူတွေရဲ့အထင်အမြင်သေးခြင်းကိုနှစ်ပေါင်းများစွာခံလာတာပါ ဒါပေမယ့်မမနဲ့ကျမှ မမအထင်သေးမှာအရမ်းကြောက်မိတယ် ၊စိတ်မထိန်းနိုင်ဘဲ မမကိုတွေ့ဖို့ဆုံးဖြတ်မိတိုင်း မမမှာထားတဲ့စကားတွေကိုပြန်ကြားယောင်မိတယ် ၊ဒါပေမယ့် ကျမ မလုပ်နိုင်ခဲ့ဘူးကျမကိုခွင့်လွတ်မယ်မလား ကျမနစ်ပတ်တိတိသည်းခံနိုင်ခဲ့ပါတယ် ၊ အခုတော့တခါလောက်လေးပါပဲ မမကိုတစက္ကန့် လောက်လေးတွေ့လိုက်ရရုံဖြစ်ဖြစ်...

လီဆာခါတိုင်းချောင်းနေခဲ့တဲ့နေရာမှမဟုတ်ဘဲ ဒီတခါမမ မမြင်နိုင်တဲ့တခြားနေရာကိုရွေးပြီး သူမရုံးဆင်းမည့်အချိန်ကိုစောင့်နေမိတယ် ၊ အချိန်ကိုက်ရောက်တာနဲ့မမကရုံးထဲကထွက်လာတော့ ခါတိုင်းလိုပဲအရမ်းကိုလှနေခဲ့တယ် ၊သို့သော် မြင်လိုက်ရတဲ့မြင်ကွင်းကရင်ကွဲစရာပါ

" မမမှာချစ်သူရှိတာလား "

လီဆာ ထိုသူနယောက်ကိုညိုးငယ်စွာကျောခိုင်းလိုက်ပြီးနောက် မြင်လိုက်ရတဲ့အရှိန်ပြင်းပြင်းကားတစင်းကြောင့် မမကိုချက်ချင်းသတိရကာစိုးရိမ်မိသည် ၊သူတွက်ဆတာမလွဲဘူးဆိုရင်ထိုကားဟာ မမဆီကိုဦးတည်နေတာပဲ ၊

စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချလိုက်ပြီး မမဆီကိုအားကုန်ပြေးသွားမိတော့ အချိန်မှီတယ်ဆိုရုံလေးပေါ့ မမကိုလမ်းမဘေးဘက်သို့တွန်းခဲ့နိုင်ခဲ့တယ် ၊လီဆာကတော့မ
ရှောင်လိုက်နိုင်ဘဲ နာကျဉ်မူလေးခနခံစားလိုက်ရပြီးမေ့မျောသွားတော့တယ်

" ဟင် ငါထပ်ရောက်လာပြန်ပြီ ဒီတောင်ကုန်းလေးပေါ် "

##########

လက်ဆွဲအိတ်လေးထဲအဝတ်စားများစီရေထည့်နေသည့်ဂျန်ကို ဆိုးတယောက်အံ့ဩစွာရပ်ကြည့်နေမိတယ်

" ဘယ်သွားမလို့လဲ ဂျူတီလား "

" ငါ့ကြောင့်ကလေးတယောက်accidentဖြစ်သွားတယ် သူဆေးရုံမဆင်းခင်ထိငါသွားနေပေးရမယ် "

" ဟင် ဆေးရုံမှာအိပ်မလို့လား နပ်စမငှားလို့ရတယ်လေ "

" ငါ့ကြောင့်ဖြစ်တာလေဟာ "

They belong each otherWhere stories live. Discover now