Ep - 20

1.5K 119 2
                                    

တဖက်သို့ မျက်နှာလွဲကာ သမီးဖြစ်သူ တရှုံ့ရှုံ့ငိုနေတာမြင်ရတော​့ လူကြီးမင်းကင်စိတ်ကိုပြန်လျှော့လိုက်ပြီး သူမကို
အသာချော့ပြောဖို့သာကြံတော့တယ်

" သမီးရယ်... သမီးလီလီ့ကိုဘယ်လောက်ထိသံယောဇဉ် ကြီးကြောင်း ဖေဖေအပြင်ကနေတောင်မြင်နိုင်ပါတယ်..
ဒါပေမယ့်.. ဘယ်အရာမှလိုတာထက်ပိုလာရင်မကောင်းနိုင်ဘူး... အဆိပ်အတောက်တွေဖြစ်လာနိုင်တယ်... "

ဂျန့်ဖေဖေဟာ သူမပုခုံးလေးကိုအသာထိတွယ်လိုက်ပြီး
ဖြေးဖြေးချင်းပြောလာတယ်

" ဖေဖေပြောတာတွေကိုသေချာစဉ်းစားပါသမီး.. "

သူမကငိုတာရပ်သွားပြီး တဖန်တိတ်ဆိတ်စွာနေလိုက်တယ်
နောက်ပြီး သူမကဒီလိုခက်အေးအေးဆိုလာတယ်

" တခုခုတော့သေချာသွားပြီနဲ့တူတယ်ဖေဖေ...
ဖေဖေသမီးအနာဂတ်မှာ လီလီ့ကိုပျောက်ကွယ်သွားဖို့အကြောင်းတွေပြောတဲ့အခါ သမီးအာရုံတွေတခုလုံးမှောင် မဲသွားတယ်.. လီလီမပါတဲ့အနာဂတ်လို့ထင်ရတဲ့နေရာတခုဆီသမီးသွားကြည့်တယ်.. အဲ့တာချောက်ကမ်းပါးတွေတဲ့ဖေဖေ.. သမီးရှေ့ဆက်လျှောက်လိုက်ရင်ပြုတ်ကျသွားမယ့် ချောက်နက်နက်ကြီးတွေတဲ့.. "

ထို့နောက် သူမ မျက်ဝန်းငယ်ငယ်တို့နဲ့ သူ့မဖေဖေကိုလှည့် ကြည့်ပြီးငင်ငင်လေးပြောလာတယ်

" ဖေဖေက ထပ်ပြီးလီလီရှိမယ့်အနာဂတ်ကသာ သမီးအတွက်ချောက်ကမ်းပါးတွေပါလို့ပြောလာရင် သမီးအဲ့ဒီ
ချောက်ကမ်းပါးတွေဆီမှာပဲ ခုန်ချလိုက်ပါတော့မယ်.. "

ကျမဆုံးဖြတ်လိုက်တယ် လီလီပါတဲ့လမ်းဟာ မှားနေတဲ့လမ်းဖြစ်နေရင်တောင်ကျမဆက်လျှောက်ရလိမ့်မယ်..
ဘယ်အရာကမှ လီလီကျမအနားမှာမရှိတော့ဘူးဆိုတာထက်ခြောက်ခြားရတဲ့အရာမရှိနိုင်တော့ဘူး...

| မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ
မှားနေလည်း ငါဆက်မှားပြီ
ဒုက္ခများကုန်ပြီ
ဟာ..ဟာ...

ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်ခဲ့
ဖြတ်တောက်တိုင်းလည်း
ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်

သံယောဇဉ်
သံယောဇဉ်
ငါလေအပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်
သံယောဇဉ်
သံယောဇဉ်
လူကိုအရူးတစ်ပိုင်း ဖြစ်စေတဲ့
သံယောဇဉ်
သံယောဇဉ်
နေမြင့်လို့အရူးရင့်ခဲ့တယ်
ဒီသံယောဇဉ် ဒီသံယောဇဉ်
ဒီသံယောဇဉ် ဒီသံယောဇဉ်
အိုး...သံယောဇဉ် |

They belong each otherWhere stories live. Discover now