Ep - 10

1.4K 131 1
                                    

ဒီနေ့ည ညစာထမင်းဝိုင်းလေးဟာ လီလီ့အရဲ့အပြုံးတွေ
အပြည့်အဝကိုဖုံးလွှမ်းနေလို့လားမသိ ခါတိုင်းနေ့တွေက
ထက်ကိုပိုပြီးပြည့်စုံနေတယ် ဘာမှသွေးသားမတော်စပ်တဲ့
သူစိမ်းသက်သက်လူတယောက်ကို ခေါ်စောင့်ရှောက်ဖို့အထိ ဂျန်သတ္တိရှိရှိဆုံးဖြတ်ခဲ့တာတွေဟာ ဒီအပြုံးတွေကိုကြိုမြင်နေလို့ပဲမဟုတ်လား

ငါကမင်းကိုစတွေ့တဲ့နေကတဲက မင်းမျက်ဝန်းတွေကနေတဆင့်ဖောက်ထွင်းသိနေခဲ့တယ် လီလီ....

" လီလီဘာတုံ့ပြန်ရမှန်းမသိဘူး လူတိုင်းကလီလီ့ကိုစိုက်ကြည့်နေကြတာ သိလားအွန်နီး "

" အာ ပြီးတော့လေ ကျောင်းကဘောလုံးကွင်းကြီးကအကျယ်ကြီးပဲ "

လီလီတယောက် သူ၏ကျောင်းစတတ်ရသည့်အတွေ့အကြုံ
အားလုံးကို ရယ်ရယ်မောမောနှင်​့ အဆက်မပျက်ပြောပြနေသည် ၊ ဆိုးကိုသာကြည့်ပြီးပြောနေတယ်ဆိုပေမယ့် ဂျန်လဲအတူနားထောင်နေမည်ကို လီလီလဲသိသည် ၊အမြဲတမ်း
စကားနည်းလွန်းတဲ့ဂျန့်ကို မျက်လုံးချင်းမဆုံရဲလို့သာ ။

" သူတို့လီလီ့ရှေ့မှာရန်ထဖြစ်ကြတာပါဆို
   တကယ်ပါဆို အွန်နီး "

" အဲ့လောက်တောင်လားလီလီ နင်တော့တကယ်ပါပဲ "

လီလီနှင့်ဆိုးတို့နယောက်သား ဟက်ဟက်ပက်ပက်ရယ်နေကြသည် ၊

လီလီ့ကိုလူချစ်လူခင်ပေါမည်ဆိုသည့်သတင်းက မမျှော်လင့်ထားတောင်သေချာပေါက်ကြားရမည့်သတင်းဖြစ်ပေမယ့်
လီလီပြောသလို အချေအတင်တွေစကားများရ
လောက်တဲ့အထိဖြစ်လိမ့်မယ်လို့တော့မထင်ထားကြပေ ။

မမက ကိုယ်ပြောတဲ့စကားဆုံးသွားပြီးတိုင်း တချက်ချက်ပြုံးရယ်ပေးနေသည်ကိုမြင်နေရတော့ အတိုင်းထက်အလွန်ကြည်နူးမိတယ် ဒါတွေဟာ အသက်ရှင်ခြင်းရဲ့အရသာတွေပဲမဟုတ်လား...

မိမိကို  ပြုံးပြုံးလေးစိုက်ကြည့်လာတဲ့လီလီကြောင့်
ဘာလဲဆိုတဲ့အထာနဲ့ မျက်လုံးလေးကိုချဲ့ပြမိတော့ လီလီက
ချိုသတဲ့ချိုတဲ့အပြုံးတွေနဲ့သာစိုက်၍ကြည့်နေပြန်တယ်
ထို့နောက် မထင်မှတ်သည့်စကားတချို့ ထိုကလေးဆီမှ
ထွက်လာတယ်

They belong each otherWhere stories live. Discover now