Ep - 7

1.3K 144 1
                                    


ခန်းနားထည်ဝါလှတဲ့အိမ်ကြီးတလုံး ၊အခြွေအရံတွေကလဲ
အများအပြားပင် ၊ဂျန်ဟာဒီအိမ်ကြီးထဲမှာပဲမွေးပြီး ကြီးပြင်းလာခဲ့ပေမယ့် အိမ်ကြီးရဲ့အငွေ့အသက်ကတော့အရင်တုန်းကနဲ့မတူတော့ ၊ယခုဆိုအိမ်ကြီးထဲမှာအခြွေအရံတွေအပြည့်နှင့် ခြံဝန်းထဲ၌လဲအစောင့်ကိုယ်စီနဲ့ရယ် ၊ဂျန့်မေမေ
ရှိတုန်းကတော့အိမ်ဟာအိမ်နဲ့တူပေမယ့် ယခုတော့အဆောင်အယောင်တွေနဲ့ပြည့်ဖုံးနေတဲ့အဆောက်အအုံကြီးတခုလို့သာမြင်မိသည် ။

" အို.. သမီးလေးဂျန် ရောက်နေတာလား "

ဆရာကတော်ဟာ အိမ်စေတွေရဲ့အသိပေးမူကြောင့် ဂျန့်ရဲ့အခန်းလေးဆီအပြေးအလွှားလာခဲ့သည် ၊ဂျန်ဟာ သူမရဲ့ ဖေဖေခေါ်မှသာအိမ်လာသူဖြစ်ပြီး ယခုလိုထူးထူးဆန်းဆန်းရောက်ချလာတော့ ဆရာကတော်အတော့်ကိုအံ့ဩ
ပျော်ရွှင်နေမိသည် ၊

" ဟုတ် အန်တီ "

ဆရာကတော်ရဲ့မျက်နှာမှာပျော်ရွှင်မူအပြုံးတွေဖုံးလွမ်းနေပေမယ့် ဂျန်ရဲ့မျက်နှာမှာတော့ပုံမှန်အနေအထားဖြင့်သာ ၊

" အန်တီကိုကြိုပြောရောပေါ့ ဂျန်ကြိုက်တာတွေချက်ထားမှာပေါ့ သီသီရေ မီးဖိုးခန်းထဲကိုသွား ဂျန်ကြိုက်တတ်တာတွေသွားစီမံလိုက်ပါ "

ဆရာကတော်မှ သူ၏အခိုင်းအစေကိုအလောတကြီးခိုင်းစေလိုက်သည်

" နေပါစေ အန်တီ ဖြေးဖြေးပေါ့ "

" အေးပါအေးပါ ဒါနဲ့သမီးဖေဖေ့ဆီလာတာလား အကိုက
ညမှပြန်ရောက်မယ်နဲ့တူတယ်သမီးရဲ့ "

" ရပါတယ် သမီးလဲတခြားလုပ်စရာလေးရှိလို့ "

ဂျန်ပြောမှ ဂျန်ရဲ့အခန်းကိုသေချာကြည့်မိမှ သူမအရင်က အဝတ်ဗီရိုထဲမှ အဝတ်အစားတွေကိုတခုချင်းထုတ်ပိုးနေတာကိုတွေ့ရသည်

" သမီး? ဒီအဝတ်အစားတွေကဘာလုပ်ဖို့လဲ "

" ကလေးအတွက်.. အမ်..ဟို ဖေဖေလာမှသေချာပြောပြတော့မယ် ဒီအဝတ်တွေကဂျန်ယူသွားမှာပါ "

ဆရာကတော်လဲဘာမှဆက်မမေးဖြစ်တော့ ၊ ဆရာကတော်
ဟာအမြဲတမ်းဂျန်ရဲ့အရိပ်အကဲကိုကြည့်ရသည် ၊ဂျန်ဟာ
တကယ်တော့ သူမ၏ငယ်ငယ်ကအဝတ်အစားများကို လီလီ့အတွက်ယူလာပေးရန်စဉ်းစားထားသောကြောင့် မိမိအိမ်ကိုပြန်လာရခြင်းဖြစ်သည် ၊

They belong each otherWhere stories live. Discover now