Ep - 17

1.2K 124 1
                                    

ကျမလီလီနဲ့အတူရှိနေတဲ့အချန်တိုင်းကိုရပ်ထားချင်တယ်
ဒါပေမယ့် ဘယ်လို့အချိန်တွေကဆက်ပြီးတော့ပဲရွေ့နေရတာလဲ....

" ကျတော် နယ်ပြောင်းရတော့မယ်ဂျန် "

သူမ ကင်ဂျိုအင်စကားအဆုံး သောက်နေတဲ့ကော်ဖီခွက် လေးထက်မှမျက်လုံးလေးပင့်ကြည့်လာတယ်

" sryပါ ကျတော်အဲ့ကိစ္စကြောင့် အစီစဉ်မရှိဘဲ ဂျန့်ကိုရုံးချိန် ကြီးလှမ်းခေါ်လိုက်မိတယ် "

" ကိစ္စမရှိပါဘူး "

ကင်ဂျိုအင်မျက်နှာကသိသိသာသာညိုးငယ်နေတာကိုဂျန် သတိထားမိလိုက်သည်

" ဂျန့်ကိုအခုလိုခနခနမတွေ့ရတော့ဘူး ဘယ်လိုလုပ်ရမလဲ "
သူမကခနတော့ငြိမ်သွားတယ် ကင်ဂျိုအင်ဖို့စကားလုံးတွေရှာဖွေနေပုံရတယ်

" ရာထူးတိုးသွားတာပဲဟာ အကောင်းဘက်ကပဲတွေးပါ "

" နောက်ပြီး ဒီတခါ၂နှစ်လောက်ကြာမှာဂျန် ကျတော်တော့
ဂျန့်ကိုအများကြီးသတိရနေမိတော့မှာပဲ "

သူ့ကိုခပ်တည်တည်ကြီးပဲစိုက်ကြည့်နေမြဲဖြစ်တဲ့ဂျန့်ကို
စကားတခွန်းပြောတိုင်း မနဲဂရုစိုက်ရတယ် အမှားပါသွားမှာလဲကြောက်တယ် ရယ်ကျဲကျဲနဲ့လဲပြောရတယ် အကြည့် စူးစူးတွေမခံနိုင်လို့ခနခနလဲမျက်လွှာချရတယ် ဒါ့ကြောင့် ကင်ဂျိုအင် ဂျန်နဲ့စကားပြောတိုင်းအမြဲထစ်ငေါ့လေ့ရှိသည်

" ဒါဆို ကျတော်တို့လက်ထပ်ဖြစ်ဖို့ကကြာပြန်ဦးမယ်နဲ့တူပါတယ် "

ထူးဆန်းစွာ သူမက လက်ထပ်မယ်အကြောင်းပြောတိုင်း
ချက်ချင်းတုံ့ပြန်တယ်

" မဟုတ်လဲ ကျမတို့လက်ထပ်ဖြစ်ကြသေးမှာမှမဟုတ်တာ
ရှင်ဘာတွေစိုးရိမ်နေတာလဲ မဟုတ်မှလွဲရော ရှင်မစောင့်
နိုင်တော့ဘူးလား "

" စောင့်တာကကျတော့ရဲ့အလုပ်လိုဖြစ်နေပါပြီဂျန် ကျတော့မှာလုပ်စရာဆိုလို့ စောင့်စရာတခုပဲရှိခဲ့တာ
ရှေ့ရှောက်လဲကျတော်မစောင့်နိုင်စရာမရှိပါဘူးဂျန်
ကျတော်ဂျန်အဆင်သင့်ဖြစ်မယ့်အချိန်ကိုစိတ်ရှည်ရှည်နဲ့စောင့်နေဆဲပါ "

They belong each otherWhere stories live. Discover now