Part 1

30 5 0
                                    

{ Unicoad }

ဒီဇင်ဘာလ 2 ရက်နေ့ ကောလိပ်တွေပြန်ဖွင့်လေပြီ
ဆောင်းရာသီဆိုတဲ့အတိုင်း မနက်ခင်းတစ်ချိန်မှာတော့ နှင်းမြူအုပ်မှိုင်းနေမြဲပင်။ မြေပြန့်ဒေသလည်းဖြစ် လူထူပ်သောနေရာလည်းဖြစ်သောကြောင့် အချမ်းဓာတ်ကသိသိသာသာပိုမနေ။ အပေါ်ဝတ်ခပ်ပါးပါးကိုဘကြီးရဲ့တိုက်တွန်းမှုဖြင့်ခန္ဓာကိုယ် ပေါ်သို့တင်ခဲ့ရသည်။ ကျောင်းရောက်လျှင်သေချာပေါက်အိတ်ထဲလုံးကြေနေတော့မည်ဖြစ်သည်။

နှိုင်းငယ် တစ်ယောက်ဘေးလက်ဆွဲအိတ်လေးဆွဲကာကျယ်ဝန်းလှသောကျောင်းဝန်းကြီးထဲသို့စတင်လျှောက်လှမ်းလာခဲ့လေသည်။
နှိုင်းငယ် သည်ငယ်စဥ်ထဲကစာကြိုးစားသောကျောင်းသားတစ်ဦးဖြစ်သည်။ ဆယ်တန်းကိုခြောက်ဘာသာဂုဏ်ထူးထွက်ခဲ့သော်လည်းဆရာဝန်မလုပ်ချင်ဘူးဟုဆိုကာ ပြင်ပကောလိပ်တစ်ခုကိုသာတက်ခဲ့သည်။
မျက်မှန်ဝိုင်းကလေးနှင့်ဖြူဥသောအသားအရေမှာ နှိုင်းငယ်၏လူမြင်သာစေသော ထင်ရှားသည့်အချက်ပင်ဖြစ်သည်။

နှိုင်းငယ်တစ်ယောက် တက်ရမည့်အခန်းကိုကြည့်ရန် Leaderboard ဆီသို့လျှောက်လာခဲ့လေသည်။
ထိုအချိန်တွင်..

"အားးးအဲ့ကောင်လေးတော်တော်ချောတာပဲ
သူဘယ်အခန်းကဖြစ်မလဲ
ကြည့်ပါဦးချောလိုက်တာ သဘောလည်းကောင်းမဲ့ပုံပဲ
ဟိုဘက်ကျောင်းကပြောင်းလာတဲ့ရှိုင်းမဝဏ္ဏမောင်ဆိုတာမလား အတော်လည်းချမ်းသာတယ်ဆို.."

ဆိုသောအသံများတရပ်စက်ကြားလိုက်ရလေသည်။
နှိုင်းငယ်ထိုအသံလာရာဘက်သို့ကြည့်သောအခါ ကြားရသည့်အသံများအတိုင်းပါပင် အရပ်ရှည်ရှည်အသားဖြူဖြူ ကောင်လေးတစ်ယောက်အားတွေ့လိုက်ရလေသည်။

နှိုင်းငယ်၏စိတ်ထဲတွင်တော့လုံးဝကိုဂရုမစိုက်လေဘဲ
ရုပ်ချောတာဘာလုပ်လို့ရမှာလဲ ရုပ်ချောလို့ဘယ်သူကထမင်းအလကားကျွေးလို့လဲ ဆိုသောဘုကန့်လန့်အတွေးတို့ကတန်းစီထွက်ပေါ်လာပြီးနောက်မိမိအခန်းဆီသို့သာလျှောက်သွားလိုက်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~

နှိုင်းငယ် အခန်းထဲသို့ရောက်သောအခါ အခန်း၏အလယ်နားလောက်မှခုံတစ်ခုံတွင်ဝင်ထိုင်ကာစာဖတ်နေလိုက်သည်။ ထိုအချိန်တွင်

Promise ( Ongoing )Where stories live. Discover now