{ Unicoad }
"သားရေ.. ကျောင်းနောက်ကျမယ်နော် အမြန်လုပ် ကြီးကြီးထမင်းဗူးထည့်ပေးထားတယ် သားပြောသလိုသုံးဆင့်ချိုင့်နဲ့.."စားပွဲခုံသုတ်ရင်း ဝဏ္ဏ ကိုလှမ်းအော်လေသည်။
" လာပြီ ကြီးကြီရေ..! "
" အံမယ် ငါ့တူကချောလို့လှလို့ပါလား "
" ကြီးကြီးရဲ့တူကနဂိုထဲကချောပြီးသားပဲဟာ အဲ့တာကြီးကြီးနဲ့တူလို့ပေါ့.."
" အံမယ် တော်တော်စကားတတ်နေတာ မုန့်ဖိုးယူသွားဦး"
" ဟဲဟဲ ဒါဆိုအားမနာတော့ဘူးနော်.."
ဝဏ္ဏ မှာကြီးကြီးပေးတဲ့ငါးထောင်ယူပြီးအပြင်သို့ထွက်လာခဲ့သည်။ ယခင်ကပုံမှန်ဆိုလျှင်ရှိုးထုတ်ချင်တာကြောင့်ကားအပြာလေးစီးသွားလေ့ရှိသော်လည်း ယခုမူကောင်လေးတစ်ယောက်ကြောင့်သာလမ်လျှောက်ဖြစ်တော့သည်။
" လမ်းလျှောက်ရတာကျန်းမာရေးကောင်းတာပဲမဟုတ်ဘူးလား.. မနက်ခင်းလေးကိုတစ်ဝကြီးလည်းရှူလို့ရတယ် သူများတွေနဲ့လဲစကားပြောလို့ရတယ် ဘယ်လောက်ကောင်းလိုက်လဲ.. "
ထမင်းချိုင့်လေးကိုင်ကာလမ်းအကွေ့တစ်နေရာမှာရပ်စောင့်ဖို့နာရီကြည့်မိတော့ 7:55
" ဒီအချိန်ဆိုသူအိမ်ကထွက်လာလောက်ပြီိထင်တယ် ဒီမှာစောင့်နေတာပိုကောင်းတယ်.."
15မိနစ်လောက်ကြာတော့ စက်ဘီးအဖြူလေးတစ်စီးကိုနင်းလာတဲ့ဖြူဖြူသေးသေးကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။..
" ငယ်...!!"
စက်ဘီးရှေ့ကဝင်ကာလိုက်သော ဝဏ္ဏကြောင့် နှိုင်းငယ် ခမျာမှောက်လဲတော့မတတ် အရှိန်ထိန်းလိုက်မိလို့တော်သေးသည်ပင်။
" ခွေးကောင် မင်းရူးနေတာလား မင်းငါ့စက်ဘီးနဲ့တိုက်မိရင်ငါ့စက်ဘီးကျိုးကုန်မှာ ရှုပ်ရှုပ်ရှက်ရှက်တွေလာမလုပ်နဲ့!!"
" မင်းကစက်ဘီးပဲစိတ်ပူတာလား ငါကရော ငါလည်းနာသွားမှာလေ အဲ့ကျနာနာကြီးဖြစ်သွားမှာ ဟင့် ဟင့်"
" စောက်ရူးကောင် ဘယ်သူကမင်းကိုငါ့စက်ဘီးရှေ့ဝင်လာခိုင်းလို့လဲ"
YOU ARE READING
Promise ( Ongoing )