Part 10

3 1 0
                                    

{ Unicoad }

"အရှင် အရှင်.. အရှင်."

" ဘယ်သူလဲ.."

" အရှင်.. ကျွန်တော်မျိုးအနားမှာရှိပါတယ် အရှင် သတိထားပါဦး အရှင်!!"

ဖျက်ခနဲမျက်လုံးအဖွင့်တွင်နေရာယူထားသည်မှာအဖြူရောင်မျက်နှာကျက်တစ်ခု။ မူးဝေနေသောခေါင်းကိုထိန်းကိုင်ကာစောစောကမြင်ခဲ့သောပုံရိပ်များကိုတရွေ့ရွေ့ပြန်စဥ်းစားခန်းဖွင့်နေမိသည်။ အနီရောင်ခန်းစည်းလိုက်ကာ ၊ ဝါးတားတားမျက်နှာတစ်ခု ၊ လက်ဖမိုးပေါ်ပေါက်ခနဲကျလာသောမျက်ရည်တစ်စက် ၊ ခပ်ပြင်းပြင်းရှိုက်ထုတ်သောဝင်လေထွက်လေ ၊ အိပ်မက်တစ်ခုပင်ဖြစ်သော်ငြားရင်ထဲစို့နင့်နေကာအတော်လေးပင်ကြေကွဲစရာကောင်းလှသည်။ အမြင်အာရုံတို့ကြည်လင်လာသည်အထိစောင့်ပြီးချိန်တွင်အတွေးတို့လက်စသတ်ကာနေ့စဥ်အလုပ်ကိုစရသည်။ ယနေ့ညတွင်မိမိမျက်နှာအားဗန်းပြကာလုပ်စားဦးမည့်အဖေဖြစ်သူကိုလည်းဆက်ပြီးဒေါသမထွက်နိုင်။ ကိုယ့်ကံဟုသာမှတ်ပြီးစိတ်ကိုဖြေဖျောက်ရသည်။

နေ့ခင်းပိုင်းတွင်အားနေသေးသောကြောင့်ငယ့်ဆီသွားတွေ့ပြီးချော့ရန်ဆုံးဖြတ်ထားသောလည်း အဖေဆီမှယုံကြည်မှုကိုမရလေသောရှိုင်းဝဏ္ဏမောင်မှာတစ်နေ့လုံးအကျယ်ချုပ်ဘဝနှင့်သာနေရတော့သည်။ မတတ်သာသည့်အဆုံး Message ပို့ပြီးသာအရင်ချော့ထားရတော့မည်။ ထိုနေ့ထဲ၌စိတ်ထဲတွင်သီးသန့်စီထားသောတောင်းပန်စာကိုတစ်သီတစ်တန်းကြီးရေးကာပို့ပြီးနောက်ငယ့်ဆီမှပြန်စာကိုထိုင်စောင့်နေလိုက်သည်။ သို့သော် တစ်နာရီ နှစ်နာရီ သုံးနာရီ လေးနာရီကြာသည်အထိငယ်စာမပြန်သေးပါ။ တစ်နေကုန်အလျှံငြီးငြီးတောက်လောင်နေရသောသူရိန်နေမင်းဟာလည်းအနောက်အရပ်သို့ခရီးထွက်သွားခဲ့လေကာ မကြာမှီ Party ကလည်းစတင်တော့မည်ဖြစ်သည်။ ရှိုင်းဝဏမောင်လည်းဆက်ပြီးစောင့်နေလို့မရတော့သောကြောင့်မတတ်သာသည့်အဆုံး Party အတွက်ပြင်ဆင်ရတော့သည်။

အနက်ရောင် Suit တစ်ထည်ကိုသပ်ရပ်နေအောင်ဝတ်ဆင်လိုက်ပြီးဟိုတစ်မျှင်ဒီတစ်မျှင်ဖြင့်ခပ်ပွပွလေးဖြစ်နေသောဆံပင်အရှေ့ပိုင်းကို Gel ဖြင့်ဖိချလိုက်ကာ Black Rose ရေမွှေးကိုတစ်ကိုယ်လုံးမွှန်ထူနေစေလိုက်သည်။ နီညိုရောင် Necktie ကိုလည်တိုင်ထက်ကျကျနနချည်နှောင်လိုက်ပြီးရွှေအပေါ်စိန်စီထားသောကလစ်သေးသေးလေးအား Necktie ပေါ်ညှပ်ထားလိုက်သောအခါ Disney ထဲမှမင်းသားတစ်ပါးအလား (အဟမ်း ဒါတော့နည်းနည်းများသွားပြီ ဆက်မယ် ) ဂုဏ်သရေရှိအမျိုးသားကောင်းတစ်ယောက်၏ပုံပန်းသွင်ပြင်မှာအထင်းသား။

Promise ( Ongoing )Where stories live. Discover now