Part 7

4 1 0
                                    

{ Unicoad }
" ဟေ့ကောင် နှိုင်းငယ် ထစမ်း!!"

" ချီးထဲမှ ငါ့ကိုခဏပေးအိပ်စမ်းပါ မိုးတောင်မလင်းသေးဘူး"
တစ်ဖက်သို့လှိမ့်သွားကာဆက်အိပ်နေသော နှိုင်းငယ် မကြာခင်ကုတင်အောက်သို့ဖုတ်ခနဲကျလာတော့သည်။

" သောက်ချီးကွာ!! ခဏပေးအိပ်ပါဆိုတာကို သေမလို့လား?!"

" မင်းကြီးတော်ကိုခဏထပ်ပေးအိပ်ရဦးမှာလား ခဏပေးအိပ်ဆိုတာ လွန်ခဲ့တဲ့နှစ်နာရီထဲကမင်းပြောနေတာ မြန်မြန်ထ မဟုတ်ရင် LD ရဲ့ဗိုက်ခေါက်ဆွဲလိမ်တာကိုမင်းပဲခံလိုက် ချီးကောင် စေတနာနဲ့မတန်ဘူး" 

အခုသူ့အိမ်မှာမဟုတ်တဲ့အတွက် နှိုင်းငယ် တော်တော်လေးကိုပင်ပန်းပါသည်။ ပြင်ဆင်တာမပြီးသေးလို့ဟူသောအကြောင်းပြချက်ဖြင့် မနေ့ကမေဖူးဆီမှပြန်ပေးဆွဲခံလိုက်ရသည်လေ။ အားးး ငါ့ဘဝကြီးကသောက်ရမ်းသနားဖို့ကောင်းလိုက်လေခြင်း။

" ဟေ့ကောင် ထိုင်ပြီးအိပ်နေပြန်ပြီ အကုန်ရေမိုးချိုးပြီးလို့ မုန့်တွေတောင်ဖုတ်လို့ပြီးတော့မယ် ဒီမှာအပျင်းထူနေတာမင်းတစ်ယောက်ပဲကျန်တော့တယ် အော် LD လာပြီ အဟမ်း နှိုင်းငယ် ရေ မင်းမထသေးဘူးဟုတ်လား ဘာ! မင်းက LD ကိုမကြောက်ဘူးတဲ့လား ဟုတ်မှလည်းလုပ်နော်..."

" နှိုင်းငယ် "
အပြုံးတုတစ်ခုဖြင့်တံခါးဝတွင်ရပ်နေသော မေဖူးတွင် ဒေါသအရိပ်နှင့်လူသတ်ချင်စိတ်တို့ကအပြည့်။

" ခုဏကဘယ်သူ့ကိုမကြောက်ဘူးလို့ပြောလိုက်တာ? ဟင်?"

" မဟုတ် မဟုတ်ဘူး မေဖူး ငါ ငါ ငါရှင်းပြမယ် ခဏနေပါဦး အား အားး နာတယ် အားး ခွေးကောင် ခန့်သူ!! "

" ဟီးဟီး မှတ်ထား ငါ့ကိုစော်ကားလို့ LD အမျိုခံရတာ အဲလေ ဗိုက်ခေါက်ဆွဲလိမ်ခံရတာ မှတ်ထား"

တစ်ဖက်မီးဖိုခန်းတွင်တော့ဖြင့်

"ဝဏ္ဏ ဒါလေးကူပါဦး"

" ရှိုင်းဝဏမောင် ဒါဘယ်လိုလုပ်ရမှာလဲ"

" တူးသွားပြီထင်တယ် လာကြည့်ပေးပါဦး!!"

" Cream အနေတော်ပဲလား လာမြည်းပေးပါဦး "

ဟိုဘက်ပြေးဒီဘက်ပြေးနှင့် ရှိုင်းဝဏမောင် အလုပ်ကြိုးစားနေပါသည်။ အစတုန်းက Cake မုန့်ဖုတ်ဖို့လူရှာမယ်ပြောခဲ့တုန်းက ရှိုင်းဝဏမောင် ကသူလုပ်တတ်တယ်လို့ပြောခဲ့လို့တစ်ခန်းလုံးအံ့အားသင့်ခဲ့ရသည်လေ။ တကယ်လည်း ဆရာတစ်ဆူလိုပဲ။ ရောင်စုံ Cake မျိုးစုံက ပုံစံအမျိုးမျိုးနှင့်စားပွဲပေါ်တွင်တစ်ခုပြီးတစ်ခု အကျအနစီထား၏။ နှိုင်းငယ် ပင်လျှင်ပါးစပ်အဟောင်းသားနှင့်မချီးကျူးပဲမနေနိုင်။

Promise ( Ongoing )Where stories live. Discover now