Part 5

5 1 0
                                    

{ Unicoad }

အဲ့နေ့ကစရေမယ်ဆိုဒီနေ့နဲ့ဆို တစ်ပတ်လောက်ရှိရောပေါ့။ ငါပြောလိုက်တာလွန်သွားလားမသိဘူး။ မဟုတ်ပါဘူး ဘယ်ကသာလွန်ရမှာလဲ။ အဲ့ကောင်စုတ်လေးကိုနားဝင်အောင်အဲ့ထပ်ပိုပြောရမှာ။ ဒါမဲ့သူစိတ်မကောင်းဖြစ်သွားမယ်ထင်တယ်... အားးးး မသိတော့ဘူးကွာ ဖြစ်ချင်တာဖြစ်။ နှိုင်းငယ် တစ်ယောက်ထဲပွစိပွစိပြောရင်းလမ်းဖြတ်အကူး..

လက်တစ်ဖက်ကသူ့လက်မောင်းရင်းကလှမ်းဆွဲလိုက်တော့ ထိုလူ့ရင်ခွင်ထဲ တန်းတန်းမတ်မတ်။ ရနံ့ခပ်သင်းသင်း။ စွဲမက်စရာအနံ့ဆိုလည်းမမှားဘူး။ သူ့လက်ချောင်းတွေကငါ့လက်မောင်းကိုအတင်းဆုပ်ကိုင်ထားတယ်။ ဘာလား ဒီလူကငါ့အစားမောနေတာလား။
" င..."

" င ? ဘာ င လဲ"

နှိုင်းငယ် မော့ကြည့်တော့ထိုလူကနှိုင်းငယ်ကိုငုံ့ကြည့်နေလျက်သား။

" မင်းဘယ်လိုလမ်းဖြတ်ကူးနေလဲ မီးနီနေတာမမြင်ဘူးလား သေချင်လို့လား ဟမ် "   

နှိုင်းငယ် မှာတကယ်ပင်အာစေးမိနေတော့သည်။ အများအမြင်ကိုဂရုမစိုက်ခဲ့သောနှိုင်းငယ်ကို မည်သူမျှထိုသို့မအော်ခဲ့ဖူးပါ။ ခုကလည်းသူနဲ့မတွေ့မမြင်ဖူးသောသူဆီကအော်ငေါက်ခံရသည်တဲ့လေ။ တွေတွေလေး ငေးကြည့်နေတော့ ထိုလူကစကားပြော ရပ်သွားပြီး လှည့်ထွက်သွားတော့သည်။ နှိုင်းငယ် သတိပြန်ဝင်လာတော့မှထိုလူကခပ်ဝေးဝေးသို့ရောက်နှင့်နေလေပြီ။ ကျေးဇူးတင်ပါတယ်တောင်မပြောလိုက်ရဘူး..။

" နောက်လပထမအပတ် စနေနေ့မှာ ကျောင်းသားစုံညီရှိတယ် ဆရာတို့ကသူများကျောင်းတွေနဲ့ မပေါင်းတော့ကိုယ့်ကျောင်းမှာပဲ ကိုယ့်အစီအစဥ်ကို အကောင်အထည်ဖော်မယ် အဲ့တော့နောက်လအတွက်ခုထဲကပြင်ဆင်ထားကြ။ ဒီပွဲကိုမင်းတို့ဘယ်လောက်ထိ ဦးဆောင်နိုင်မလဲ ဆိုတာဆရာတို့က တစ်တန်းဆီအမှတ်ပေးမယ်။ အနိုင်ရတဲ့အတန်းက ဆရာတွေပေးတဲ့ဆုကိုရရှိမယ်။ စွမ်းဆောင်ရည်ဆုလို့ပြောလို့လဲရတယ်။ ကယ် အတန်းဆင်းမယ် ကိုယ့်ရဲ့အစီအစဥ်က သေချာပြီဆို ဆရာတွေဆီပြန်ပြီးအစီရင်ခံပါ။ သေချာလုပ်ကြပါ ဆရာတို့လည်းအားပေးနေမယ်" 

Promise ( Ongoing )Where stories live. Discover now