Part 9

2 1 0
                                    

{ Unicoad }
ထိုညနေကယောင်တောင်ပေါင်တောင်ဖြင့်အိမ်အလည်ရောက်ခဲ့သော ရှိုင်းဝဏမောင်မှာ ယခုထိုအိမ်တွင်သောင်တင်နေသည်မှာတစ်ပတ်ခန့်ပင်ရှိပြီ။ နှိုင်းငယ်ကတော့သိသိသာသာ တစ်ခါတလေမသိမသာဖြင့် နှင်လွှတ်နေသော်လည်း ဘကြီးကတော့ဘယ်ဘဝကမတော်စပ်ခဲ့ရတဲ့မြေးကိုတွေ့ရသလိုဖြစ်နေမှန်းမသိ မပြန်ပါနဲ့ဦးဟုဆိုကာသူ့တူအရင်းကိုတောင်ပလစ်ပြီး ရှိုင်းဝဏမောင် အားတစ်သသဖြစ်နေသည်။ ဘကြီးဘိုးအားကိုးဖြင့် အိမ်ကိုမောင်ပိုင်စီးနေသော ရှိုင်းဝဏမောင်ကိုနှိုင်းငယ်လည်းလက်မြှောက်လိုက်ကာ လျစ်လျူရှုထားရတော့သည်။

" ဟေး ရှိုင်းဝဏမောင်! ဘကြီးကခြံထဲခဏဆင်းခဲ့ဦးတဲ့! "

" အင်း လာပြီငယ်ရေ ခဏ ခဏ..."

အိမ်အပေါ်နှင့်အောက်ကိုလော်စပီကာမပါဘဲ အော်အော်ခေါ်နေရသော နှိုင်းငယ်အဖို့လည်ချောင်းပါနာချင်လာသလိုလို။ နှိုင်းငယ်တို့အိမ်ကအရမ်းလည်းမကြီးအရမ်းလည်းမသေးသောနှစ်ထပ်တိုက်ကလေးဖြစ်ကာ ခြံထဲတွင်လည်းပန်းပင်တစ်ချို့ကိုစိုက်ထားသေးသည်။ ဆောင်းဦးတွင်ကြွေကျတတ်သောသစ်ရွက်ဟောင်းများကလည်း ခြံထောင့်တစ်နေရာတွင်စုပုံထားခြင်းခံထားရသည်။ နေရောင်အကွက်အပျောက်များကျရာနေရာလေးသည် နှိုင်းငယ်ထိုင်ကာစာဖတ်နေကျကိုယ်ပိုင်နေရာလေးလည်းဖြစ်သည်။ ခြံတံခါးအဝင်ဝတွင်ရှေးခေတ်လက်ကျန် သံချေးတက်နေသောစာတိုက်ပုံးကလေးက နှိုင်းငယ်တို့အိမ်ဖြစ်ကြောင်းအမှတ်အသားလေးတစ်ခုတွင်ပါဝင်နေပြန်သည်။

အိမ်ပေါ်မှကပျာကသီဖြင့်ဆင်းလာသော ရှိုင်းဝဏမောင်အား နှိုင်းငယ်မျက်စောင်းထိုးကာ အနောက်ဖေးထဲသို့ပြန်ဝင်လာရသည်။ တူဝရီးမဟုတ်ဘဲဘာတွေများတိုးတိုးတိတ်တိတ်ပြောနေကြမည်ကို နှိုင်းငယ်သိချင်သော်လည်းသွားချောင်းပြီးနားမထောင်ဖြစ်။ တော်ကြာစပ်စုချင်စိတ်ကြီးတယ်ဆိုပြီးနှစ်ယောက်သားလှောင်နေမှဖြင့်လေ!။ သစ်သီးခွဲပေးပြီးအိမ်ရှေ့ပြန်ထွက်လာသည်အထိနှစ်ယောက်သားတိုးတိုးတိုးတိုးလုပ်နေသေးသည်မို့ နှိုင်းငယ်စိတ်မကြည်ချင်တော့။ ဖြစ်နိုင်ရင်အဲ့ကောင်ကိုအိမ်ပေါ်ကချက်ချင်းကိုကန်ချချင်စိတ်ပေါက်လာတော့သည်။

Promise ( Ongoing )Where stories live. Discover now