{Unicoad }
Dec သာရောက်တယ် ရာသီဥတုကပူတုန်း မနက်ခင်းနိုးရင်ချွေးတွေပြန်လို့ စိတ်ညစ်တယ်။
နှိုင်းငယ် ပွစိ ပွစိ ပြောကာ ရေချိုးခန်းထဲဝင်လိုက်သည်
ရေချိုး အဝတ်လဲပြီး အောက်ထပ်ဆင်းလာသောအခါ ထမင်းစာပွဲမှာထမင်းခူးပြီးအသင့်စောင့်နေသူက နှိုင်းငယ် အားပြုံး၍မေးသည်။" တူလေး ထမင်းစားတော့မလား ဘကြီး ထမင်းခူးထားပြီးပြီ ကန်စွန်းရွက်ကြော်ရယ် အချဥ်ရည်ဟင်းလေးရယ် စားလို့မြိန်ပါတယ် တူလေးရယ် လာ နည်းနည်းစားသွားလိုက် ဪ ဒီမှာ ဘကြီး ထမင်းဗူးထည့်ထားတယ် ယူသွားချည် ကျောင်းမှာသူငယ်ချင်းတွေနဲ့အတူတူစား ဟုတ်လား "
စကားပြောလိုက် လုပ်စရာရှိတာလုပ်လိုက်ဖြင့် အလုပ်များနေသော ဘကြီးအား နှိုင်းငယ် တွေဝေစွာကြည့်နေမိသည်။
" ဟိတ် လူလေး ဘာလို့ကြောင်စီစီရပ်နေတာလဲ မြန်မြန်လာစား ကျောင်းနောက်ကျမယ် "
ဘကြီးပြောမှသာ နှိုင်းငယ် အသိဝင်လာပြီး ထမင်းစားပွဲမှာထိုင်ကာ ထမင်းစားတော့သည်။
တကယ်တော့ဖြင့် ဘကြီးဟာ နှိုင်းငယ် နဲ့အမျိုးမတော်ပါ
နှိုင်းငယ် မိဘတွေဆုံးပြီးထဲက သူ့ကို မိဘသဖွယ်စောင့်ရှောက်လာသော ဖခင်ရဲ့သူငယ်ချင်းဖြစ်လေသည်။ အစကတော့ နှိုင်းငယ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သည်ဟု ပြောကာ ဘကြီးရဲ့ အုပ်ထိန်းမှုကိုလက်မခံခဲ့ပေ။ နှိုင်းငယ် အိမ်ကထွက်သွားပြီး အပြင်မှာပေတေနေခဲ့တုန်းက ဘကြီးမှာသူ့ကိုမြို့အနှံ့ပတ်ရှာခဲ့ရ၏။ ထို့ကြောင့်ပင် ဘကြီးမှာ နှလုံးဖောက်ကာ ဆေးရုံတင်ရသောအခြေအနေရောက်ခဲ့ရသည်။ ထိုမှပင် နှိုင်းငယ် ယခင်ကလို ဂျစ်ကန်ကန် လုပ်မနေတော့ဘဲ ပြောသမျှနားထောင်သော ကောင်လေးဖြစ်ခဲ့သည်။နံနက်စာစားပြီးနောက်ပြင်ပေးထားတဲ့ထမင်းဘူးကိုယူပြီး နှိုင်းငယ် အိမ်ကထွက်လာခဲ့သည်။
အိမ်မှကျောင်းကိုလမ်းလျှောက်သွားရင်နာရီဝက်သာကြာသော်လည်း ဝင်စရာတစ်နေရာရှိသည်ဟုဆိုကာ နှိုင်းငယ် အိမ်မှစောစောထွက်ခဲ့ခြင်းဖြစ်သည်။ကျောင်းသွားတဲ့လမ်းရဲ့ဆန့်ကျင်ဘက်အခြမ်းကိုလျှောက်လာခဲ့တဲ့ နှိုင်းငယ် ဟာအရင်ကလောက်ရှပ်ပြာမနိုင်တော့ဘဲတည်ငြိမ်တဲ့ကောင်လေးတစ်ယောက်သဖွယ်..
လမ်းမှာတွေ့တဲ့ပန်းဆိုင်ကပန်းစည်းတစ်စည်းကိုဝယ်ယူတော့ ဆိုင်ရှင်အန်တီကြီးကမေးသည်။
YOU ARE READING
Promise ( Ongoing )