Part 4

3 1 0
                                    

{ Unicoad }

" မေဖူး... မေဖူးရေ"

" ရှင် ဟုတ်မေမေ ဘာခိုင်းမလို့လဲဟင်"

" ညည်းနှယ့်ဟယ် အခုရက်ပိုင်းစိတ်တွေလွင့်နေပါလား အသဲကွဲနေတာလား"

" ဟာ အမေကလည်းပေါက်ပေါက်ရှာရှာ"
မေဖူးမှာအလိုက်သင့်လေးပြန်ငြင်းလျက် ခပ်ဖွဖွပြုံးမိ၏။

" အသဲကွဲလဲကွဲ ညည်းနှိုင်းငယ်ကိုဘယ်လိုသဘောရလဲ"

" ဘယ်လို?"

" ဘယ်လိုသဘောရလဲမေးနေတာ "

" မေမေရယ် သမီးတို့ကသူငယ်ချင်းတွေပါ မဖြစ်နိုင်ပါဘူး"

" ဟဲ့ ဘာလို့မဖြစ်နိုင်ရမှာလဲ အဲ့ကောင်လေးမိဘတွေမဆုံးခင်က ညည်းတို့ကိုစေ့စပ်ဖို့တောင်လုပ်ခဲ့သေးတာ"

" အမေ! သမီးကြိုပြောထားမယ် နှိုင်းငယ် ကိုသမီးသူငယ်ချင်းထက်မပိုနိုင်ဘူး.. သမီး သမီးစိတ်ဝင်စားတဲ့လူရှိတယ်"
မေဖူးမှာပြောပြောဆိုဆိုဖြင့်မီးဖိုခန်းထဲမှအမြန်ထွက်လာခဲ့သည်။

" အမေတို့ကလည်းအထူးအဆန်းတွေလာပြောနေတယ် ဘာလို့ နှိုင်းငယ် မှလဲ အံ့သြပါ့"

ထိုစဥ်
" ကလင် ကလင် ကလင်...."
" Hello "
" မေ လား ငါနှိုင်းငယ်, အပြင်ရောက်နေတာနဲ့ နင်ကြိုက်တဲ့ Chocolate cake ဝယ်လာပေးမလို့ဟ အခုအိမ်မှာရှိလား"

" အော် ငါ ငါအခုအပြင်ရောက်နေတာ ငါနင့်ဆီလာခဲ့မယ်လေ နင်ဘယ်မှာလဲ"

" 4 လမ်းထိပ်ကဆိုင်မှာ နင်လာမယ်ဆိုအဲ့နားကခုံမှာစောင့်နေမယ်"

" အေးအေး စောင့်နေဦး လာခဲ့မယ်"
ဖုန်းကိုအမြန်ချကာအခန်းထဲဝင်အဝတ်အမြန်လဲရမည်။ မေမေ မေးလျှင်ရှင်းနဲ့ရှုပ်ကုန်မှာသိလို့အိမ်ကအမြန်ထွက်ရမည်ပင်။

" မေမေအပြင်သွားပြီနော် ညနေမစောင်းခင်ပြန်လာခဲ့မယ်တာ့တာ"

နှိုင်းငယ် မေဖူးကိုစောင့်ရင်းနှင့်ဖုန်းခဏထုတ်ကာကြည့်နေလေသည်။ Facebook ရဲ့ Newfeed ကိုကြည့်ရင်း People you may know မှာတက်လာတဲ့ Account...

" Huh... ဒီ Account က.....
Arr ဟိုအရှုပ်ထုတ်ကောင်ပဲ မှန်းစမ်း အံမယ် သူကများ Single တဲ့ သူ့လိုကောင်ကို Single လို့ယုံမဲ့အစား လျှာကိုက်သေပစ်မယ် တွေးရင်းနဲ့တောင်ကျောချမ်းတယ် ငါ့နားမှာပေါ်မလာပါစေနဲ့.."

Promise ( Ongoing )Where stories live. Discover now