Part 6

3 1 0
                                    

{ Unicoad }
မနက်ခင်းလင်းရောင်ချည်ဟာပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ကုတင်ဘေးကအနီရောင်နှိုးစက်နာရီလေးဟာတော့ဖြင့်အချိန်မှန်တာဝန်အတိုင်းမြည်တမ်းနေသည်။ အိပ်မှုန်စုံမွှားဖြင့်နာရီအားလက်ဖြင့်ဖိကာပိတ်ပြီးတစ်နေ့တာကိုစတင်ရတော့ပေမည်။ ဂွမ်းစောင်အထူကိုကန်ထုတ်ပြီးရေချိုးခန်းထဲသို့ပျင်းရိပျင်းတွဲလှမ်းကာတစ်ကိုယ်ရေသန့်ရှင်းသည်။ ပြီးနောက် ဦးလေးမာထုတ်ပေးထားသောဝတ်စုံအားကျကျနနဝတ်ဆင်ကာ ဟောခန်းထဲသို့ဆင်းလာရတော့သည်။

" သား ဝဏ္ဏ လာ၊ အဖေတို့ကသားကိုစောင့်နေတာ"
ဦးရှိန်မောင်မှာအပြုံးတစ်ခုကိုမျက်နှာထက်ပန်ဆင်ထားကာသားကိုကြည်ဖြူနေသည်ဟုပတ်ဝန်းကျင်ကမြင်သော်လည်း ထိုအရာကို ဝဏ္ဏသဘောမကျလှပါ။ မပြောင်းလဲသွားသောမျက်နှာထားပြီး မနီးမဝေးတစ်ခုံမှာဝင်ထိုင်ကာနံနက်စာကိုသာအာရုံရောက်နေသည်။

" သား မနက်နိုးတာနဲ့ဘာလုပ်ရမယ်လို့ဖေဖေပြောထားလဲ? မင်းမေမေလေးရယ် ဖေဖေကိုရယ်ကိုအရင်နှုတ်ဆက်ရမယ်လို့ပြောထားတယ်လေ။ ပြီးမှမိသားစုအတူတူနံနက်စာစားရမယ်လို့မှာထားတယ်မဟုတ်ဘူးလား?"

ရှိုင်းဝဏမောင်ပြန်မဖြေပါ။ မေမေလေးဆိုသောသူကိုလည်းသူမော့မကြည့်ပါ။ ခက်ရင်းဖြင့်ကြက်ဥကြော်ကိုသာဖဲ့စားနေ၏။ ဤစားပွဲဝိုင်းတွင် အဖေနှင့်မေမေလေးမှာ ကြက်ဥကြော်လောက်အရေးမပါဘူးဟုတွေးထားပုံပင်။

" သား! မင်းဘယ်အချိန်ထိဒီလိုမျိုးလုပ်နေဦးမှာလဲ! ငါတို့မျက်နှာကိုလည်းနည်းနည်းပါးပါးကြည့်ဦးကွ မနက်မိုးလင်းတိုင်းမင်းမျက်နှာကိုပဲလိုက်ကြည့်နေရတာငါတို့လည်းမောလှပြီ နှစ်နှစ်တောင်ရှိပြီ မင်းခုထိကိုမပြောင်းလဲသေးဘူး မင်းဒီလိုလုပ်နေရင်မင်းအမေလည်း..."

" ကျွန်တော့်အမေကိုခင်များပါးစပ်ကထုတ်ပြောဖို့တန်လို့လား?"
ဦးရှိန်မောင်မှာ နှုတ်ခမ်းကိုခပ်တင်းတင်းဖိကိုက်ထားလျက် သားဖြစ်သူအားစူးစိုက်ကာကြည့်နေမိ၏။

" မိသားစု? ခင်များကမိသားစုလို့ပြောလိုက်တာလား? ခင်များဟာခင်များသတ်မှတ်ချင်သလိုသတ်မှတ် ကျွန်တော့်အတွက်တော့မိသားစုဆိုတာ ကျွန်တော့်အမေရှိရင်ရပြီ ဒါကျွန်တော့်ခံယူချက်ပဲ "
နံနက်စာအားစားပြီးသွားပြီထင်ပါရဲ့၊ လက်ကိုင်ပုဝါဖြင့်နှုတ်ခမ်းအားသုတ်ကာ မတ်တပ်ရပ်လိုက်၏။

Promise ( Ongoing )Where stories live. Discover now