{ Unicoad }
"ကိုယ်ပြောတာက ငယ့်ကိုတာဝန်ယူချင်ပါတယ်လို့လေ"
နှိုင်းငယ်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် အတန်ကြာဆွံ့အနေမိသည်။ သူအခုဘာကြားလိုက်တာလဲ။ အဲ့ကောင်ဘာတွေပြောနေတာလဲ။ တာဝန်ယူမယ်တဲ့လား ရူးနေတာများလား။ ငါကဒီတိုင်းပြောလိုက်တာလေ မဖြစ်ဘူး ခံစားချက်တွေမကောင်းဘူး။ပြန်မှဖြစ်မယ်။
" အာ.. ဟိုလေ ငါလုပ်စရာရှိသေးလို့ အရင်ပြန်နှင့်မယ်နော် ငါတို့ နောက်တစ်ခါ နောက်တစ်ခါကျပြန်တွေ့တာပေါ့ နော်"
ပြောပြီးပြီးချင်း ခုံပေါ်မှအတင်းခုန်ဆင်းကာ ထွက်ပြေးသွားတော့သည်။ ရှိုင်းဝဏမောင်ကတော့ ထပ်ဆွဲမထားတော့ဘဲ အနောက်မှကြားရုံသာအော်ပြောသည်။
" နောက်တစ်ခါတွေ့ရင် ငယ့်ကိုတကယ်တာဝန်ယူမှာပါနော်.."
"အား ဒီကောင်ရူးနေပြီ။ လုံးဝကိုရူးနေပြီ။ သူ့ဘေးပတ်လည်က တကယ်ကို အန္တရာယ်အငွေ့အသက်တွေ ခံစားနေရတယ်။ ငါ့ဘဝလေးကို ဒီလိုလူရှုပ်လူပွေလက်ထဲ အပါမခံနိုင်ဘူး။ အီးးးဟီးး အမေရေ.. အမေ့သားအဖြစ်ကို ကောင်းကင်ပေါ်ကနေ ပြုံးပြီးကြည့်မနေပါနဲ့တော့.."
****
တီ တီ တီ" Hello.."
" နှိုင်းငယ်! နင်ညကဘယ်သွားခွေနေတာလဲ ဘာလို့ငါ့ကိုတစ်ယောက်ထဲထားခဲ့တာလဲဟမ်! ငါ့မှာတစ်ညလုံး နင့်ကိုဖုန်းခေါ်နေတာ သင်းကမကိုင်ဘူး။ ဘယ်ရောက်သွားတာလဲ ပြောစမ်း!"
ဖုန်းမကိုင်လိုက်ရင် အကောင်းသားဟု တွေးမိသော်လည်း ထုတ်မပြောရဲ။ ကိုယ့်အမှားနှင့်ကိုယ်မို့လို့လည်း ခေါင်းငုံကာ အပြောခံရပြန်သည်။ အဲ့တာ အဲ့သကောင့်သားကြောင့်!
" ညကနင့်ကို ထားခဲ့မိတာတကယ် တောင်းပန်ပါတယ်ဟာ ညကခွေးလိုက်ဆွဲခံရလို့ပါ"
" ပါးစပ်ကအဟုတ် ဘယ်တော့မှမထွက်ဘူး။ လမ်းသွားရင်ငါနင့်ကိုမမြင်စေနဲ့ နင့်ကိုတွေ့တာနဲ့ ဆံပင်တစ်မွှေးမှမကျန်အောင်ဆွဲနှုတ်ပစ်မယ် ဒါပဲ!"
မေဖူးရဲ့ဖုန်း ချသွားပြီးမှ နှိုင်းငယ်လည်းစာပြန်ဖတ်နေလိုက်တော့သည်။ မနေ့ညက အလန့်တကြားပြေးလာခြင်းကြောင့် ဘကြီးပင်အတော် စိတ်ပူသွားခဲ့ရသည်လေ။ ယနေ့တော့ ထပ်ပြီးခွေးဆွဲခံရမည်စိုးကာ အိမ်ထဲတွင်သာ စာဖတ်နေလိုက်သည်။
YOU ARE READING
Promise ( Ongoing )