Part 8

6 2 0
                                    

{ Unicoad }
Its you..
Its always you..
Met a lot of people
but
nobody feels like  you...

ဖုန်းမှာမြည်နေသော Ringtone အရ ငယ့်ဆီကဖြစ်မည်။

" Hello ငယ် ဘာလို့လဲ"

" အဟမ်း ဆရာက သန်ဘက်ခါစစ်ဆေးရေးအတွက်မင်းကိုခေါ်ခိုင်းလိုက်လို့ အဲ့တာလှမ်းပြောတာ သွားလိုက်ဦး"

" အွန်း ငယ် ကိုယ့်ဖုန်းနံပါတ်ကိုဘယ်လိုရလဲ"

" ဘာကိုဘယ်လိုရရမှာလဲ သေချာပေါက်ဆရာ့ဆီကပေါ့ အထူးအဆန်းနဲ့  ဒါပဲ"

ဖုန်းကိုဂွက်ခနဲမြည်အောင်ချပြီးနောက် နှိုင်းငယ် မျက်ခုံးတို့တွန့်ချိုးမိသည်။ ဘယ်ကရရမှာလဲအကောင်စုတ်ရဲ့ Facebook မှာ ဖုန်းနံပါတ်ကို Only me မလုပ်ထားတဲ့အကောင်ဆီကပေါ့..။ နှိုင်းငယ်ရေမိုးချိုးရန်ပြင်နေစဥ်မှာပင် ဘဲလ်တီးသံကြောင့်အိမ်ရှေ့ထွက်ကာတံခါးသွားဖွင့်လိုက်တော့ မေဖူးနှင့်သူ့အမေ။ မလာစဖူးမို့လို့အထူးအဆန်းပေမဲ့အိမ်ထဲဖိတ်ကာ ဘကြီးကိုလှမ်းခေါ်လိုက်ပြီး ကိုယ်တိုင်ကဖျော်ရည်ယူရန်နောက်ဖေးသို့ထွက်လာခဲ့လိုက်သည်။

" ဟေ အမကြီးမိုးပါလား ဘာကိစ္စရှိလို့လဲဗျ"

" ဆွေးနွေးစရာရှိလို့ပါတော် ဟောဒိမှာအသီးတွေ မနက်ကတင်ဝယ်ထားတာ ဘကြီးဘိုးတို့တူဝရီးအတွက်လေ"

" အားနာလိုက်တာဗျာ ကျေးဇူးပါပဲ ဟေ သမီးမေဖူးရော အဆင်ပြေတယ်မလား"

အန်တီမိုးဘေးတွေထိုင်နေသောမေဖူးမှာအနည်းငယ်မျက်နှာပျက်နေသော်လည်း အတော်ထိန်းချုပ်ထားရသည်ထင်..။ လက်မနှစ်ခုကိုပွတ်တိုက်ရင်းအကြည့်တို့ကဦးတည်ရာမရှိဘဲ ဘကြီးအမေးကိုကြားမှသတိဝင်သောသူလိုပြန်ဖြေသည်။

" ရှင် ဟုတ် ဟုတ်ကဲ့ဘကြီး သမီးအဆင်ပြေပါတယ်"

" အေးကွယ် မျက်စိရှေ့တင် သမီးရော နှိုင်းငယ်ရောအရွယ်ရောက်လာကြတာ လူကြီးတွေတောင်ဖြစ်ရောပေါ့" 

" အဲ့ကိစ္စပဲတိုင်ပင်မလို့ ဘကြီးဘိုးရေ..."

" ပြောပါဦး အမကြီးမိုး"

" ကျွန်မသမီးနဲ့ ဘကြီးဘိုးတူကိုဘယ်လိုသဘောရလဲရှင့်"

" ခင်မျာ..?"

Promise ( Ongoing )Where stories live. Discover now