1(unicode)

5.7K 146 5
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူ း🥀🥀

Episode💕1💕

"ဖေဖေလက်ထပ်တော့မယ်သား"

ခွင့်တောင်းသလိုသဘောမျိုးမဟုတ်ပါပဲ အသိပေးသလိုပြောလာသည့်ဖေဖေ့စကားများ

မေမေ့နေရာမှာတခြားမိန်းမတစ်ယောက်ကိုအစားမထိုးချင်ပေမယ့် မေမေဆုံးကထဲက ဘယ်မိန်းမနဲ့မှအရှုပ်အရှင်းမရှိပါပဲ ကျွန်တော့်ကိုပြုစုပျိုးထောင်လာခဲ့တယ်

ဖေဖေလဲအထီးကျန်နေမှာပဲ 

အတွေးများဖြင့် သဘောမတူချင်ပေမယ့် ဖေဖေ့ကိုမတားရက်ခဲ့

ဖေဖေ့ကိုလဲပျော်ရွှင်စေမိသည်

ပြီးတော့သိချင်မိသည်

ဘယ်သူကများ ဖေဖေ့ကိုလက်ထပ်ဖို့ထိတွန်းအားပေးနိုင်ခဲ့တာလဲ?

ဖေဖေနဲ့လက်ထပ်မယ့်အဒေါ်နာမည်ကဒေါ်မျိုးချစ်တဲ့လေ

ပြီးတော့ဖေဖေ့လိုပဲ မုဆိုးမ

ဖေဖေနဲ့ငယ်ကထဲက သံယောဇဉ်ရှိခဲ့တာတဲ့

ဖေဖေပုံစံကအရမ်းပျော်နေပုံပဲ

တစ်ခုတော့ကြောက်မိတယ် လက်ထပ်ပြီးမှ ဖေဖေ့အပေါ်မှာပြောင်းလဲသွားမှာကို

ကျွန်တော့်အတွက်တော့ဘာမှမထူးပါဘူး

မေမေက ကျွန်တော်၃နှစ်သားလောက်ထဲကဆုံးသွားတော့ မိခင်နဲ့အတူမနေရဖူးဘူး

မိထွေးဆီကလဲ မိခင်မေတ္တာတွေမမျှော်လင့်ရဲပါဘူး

တစ်ခုပါပဲကျွန်တော့အဖေပေါ်ကောင်းပေးရင်ကျေနပ်ပါတယ်

ဖေဖေနဲ့အဲ့အဒေါ်ကြီးတို့လက်ထပ်ပွဲနေ့

လက်ထပ်ပွဲဆိုပေမယ့် တရားရုံးမှာလက်မှတ်ထိုးပြီး အသိမိတ်ဆွေအနည်းငယ်နဲ့ပွဲလေးလုပ်လိုက်သည်

ဒီနေ့အိမ်ကိုပြောင်းခဲ့တော့မှာတဲ့

နေ့သစ်တွေးနေစဉ်မှာပဲ ကားလေးထိုးရပ်လာလေသည်

ကားပေါ်ကဆင်းလာသူဖေဖေနှင့်ဖေဖေ့အသစ်စက်စက်ဇနီး

ပြီးတော့ ဖေဖေ့ဇနီးလက်ကိုဆွဲကာပါလာသောကလေးငယ်တစ်ဦး

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now