14<Unicode>

2K 77 8
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕14💕

အချိန်တွေကလည်း အကုန်မြန်လိုက်တာ
တစ်ရက်တောင်ကုန်သွားခဲ့ပြီ
သူ့ရင်ခွင်ထဲက မြတ်နိုးရတဲ့ပန်းပွင့်လေးကို တစ်ပါးသူထွေးပွေ့တော့မယ် ခူးဆွတ်တော့မယ်
မနက်ဖြန်ဆိုတာကြီးကို အရမ်းမုန်းတာပဲ
နက်ဖြန်ကိုမရောက်ချင်တာအမှန်
နေ့သစ် သက်ပြင်းတို့ ခဏခဏချနေမိသည်
📲Ring.....Ring📲
ဖုန်းမြည်သံကြောင့် နေ့သစ်အတွေးတို့ကိုရပ်ကာ
"အင်း မင်း ပြော"
"........"
"Lဆိုတဲ့တစ်ယောက် ဘာမှလှုပ်ရှားမှုမရှိဘူးပေါ့"
"....."
"အင်း သေချာဂရုစိုက် မနက်ဖြန်ပွဲမှာ ဘာတစ်ခုမှဖြစ်တာမလိုချင်ဘူး"
"........"
"မင်းလဲ သတိထားဦး"
နေ့သစ် ဖုန်းပြောနေစဥ်မှာပဲ
ဒုန်း ခလွမ်း💥💥💥
မီးဖိုခန်းဘက်မှ အသံများကြောင့် နေ့သစ်စိတ်ပူစွာ
"အေး အဲ့တာဆိုဒါပဲနော်"
ခုနက ပြည့် မီးဖိုခန်းဘက်ဝင်သွားတာမြင်လိုက်သည်
ဘာလုပ်နေတာလဲမသိ
နေ့သစ် ပူပန်မှုကြောင့် ခြေလှမ်းတို့ကို လျင်မြန်စွာလှမ်းရင်း

မီးဖိုခန်းထဲရောက်တော့ ဂတ်စ်မီးဖိုပေါ်က ဟင်းအိုးက အငွေ့တွေတထောင်းထောင်း မီးတွေများလောင်နေတာလား
နေ့သစ် ပြည့်ထံသွားကာ ပြည့်အားနောက်သို့ပို့၍ သေချာကြည့်လိုက်တော့မှ ဘာချက်ထားသည်မသိ
မဲတူးလို့
နေ့သစ် မီးဖိုအားပိတ်လိုက်ပြီး ပြည့်ဘက်လှည့်၍
ပြည့်လက်တွေအားသေချာစွာစစ်ဆေးရင်း
"ဘာဖြစ်သွားသေးလဲ"
"ပြည့်...ကိုကြီးကိုတစ်ခုခုချက်ကျွေးချင်တာနဲ့...အဲ့ဒါ"
မျက်နှာငယ်လေးဖြင့်ပြောနေလျက်
ခုချိန် ဘာမှမလိုချင် စိတ်အပူဆုံးကသူမလေးကို
ဒါကိုမသိလေသလား
ပြီးတော့ ငယ်ငယ်ထဲက မီးဖိုခန်းကိုယောင်လို့ပင် မဝင်ဖူးခဲ့တဲ့သူက....ခုတော့
"ပြည့်အသုံးမကျဘူး"
"ဒါတွေမှမလိုတာဝမ်းရယ်"
"ဟင့်အင်း ပြည့်ကိုကြီးအတွက် တစ်ခုခုပြင်ပေးစေချင်တာကို"
"ကိုကို့အတွက်ဘာမှမလိုဘူး ဝမ်းဘာမှမဖြစ်တာပဲ လိုချင်တာ ဟုတ်ပြီလား"
"ဟုတ်"
နေ့သစ် သူမလက်တစ်နေရာအကိုင်မိတော့
"အာ့!!!!!!"
ပျာယာခတ်သွားသူကနေ့သစ်
"ဘာ...ဘာဖြစ်တာလဲ"
သူမလက်လေးအား အသားလေးကိုင်ကာကြည့်လိုက်တော​့ ဆီပူစင်ထားပုံပေါ်သည်
အသားဖွေးသူမို့ နီရဲနေစွာ
နည်းနည်းလေးပင် အပွန်းပဲ့မခံချင်
'"လာကိုကိုဆေးလိမ်းပေးမယ်"

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now