15<Unicode>

2.3K 75 5
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕15💕


ပြည့် အလုပ်ရှာရန် စိတ်ကူးနှင့် အဆောင်ထဲမှ ထွက်လာခဲ့သည်
ထိုစဥ် ပြည့်လက်ကောက်ဝတ်လေးအားဆတ်ခနဲဆွဲခံလိုက်ရသဖြင့် ကြည့်လိုက်လျှင်
"ကိုကြီး"
"လာ....ကိုကိုနဲ့ အိမ်ပြန်မယ်"
နေ့သစ် ပြည့်လက်အားဆွဲကာ ကားနားဆွဲခေါ်သွားတော့ အတင်းရုန်း၍
"ဟင့်အင်း"
"ဝမ်း!!!!!"
ပြည့် ကိုကြီးလက်ထဲက အတင်းပြန်ရုန်းထွက်မိသည်
"ပြည့် မပြန်ချင်ဘူး"
"ဝမ်း.....ကိုကိုကတိပေးတယ် ဝမ်းကို ဘယ်သူနဲ့မှ လက်မထပ်ခိုင်ဘူး အဲ့တာမို့ကိုကိုနဲ့ပြန်လိုက်ခဲ့"
"မလိုက်ဘူး"
"ဝမ်း!!!!!!"
"ပြည့်ဘာသာပဲနေချင်တယ်"
"ကိုကိုမှစိတ်မချတာကွာ"
ကိုကြီးပုံစံက တကယ်စိတ်ညစ်သွားပုံနှင့်
ဆံပင်တွေကြားလက်တွေပင်ထိုးဖွနေရင်း
"ပြည့် ကလေးမဟုတ်တော့ဘူး"
"ကိုကို့မျက်စိထဲမှာတော့ ကလေးပဲ ဘာနေနေ ကိုကိုစိတ်မချဘူး ကိုကိုနဲ့ ပြန်လိုက်ခဲ့"
"မလိုက်ဘူးလို့ ကိုကြီး!!!!!"
မလိုက်ဘူးပြောနေတာကို အတင်းတွေဆွဲနေသည့်ကိုကြီးကြောင့် ပြည့်အော်လိုက်မိသည်
"ဝမ်း ဘာဖြစ်ချင်တာလဲ ကိုကို့ကိုပြော"
"ပြည့်ဘာသာနေချင်တာ ပြည့်ကိုဂရုမစိုက်နဲ့"
"ဝမ်း ဘာလို့သူစိမ်းဆန်ဆန်တွေပြောနေရတာလဲ ကိုကို့ကိုစိတ်ဆိုးနေတာလား"
"ပြည့်နဲ့ ကိုကြီးကြားဘာမှမပြောင်းလဲသွားဘူးကိုကြီး တစ်ခုပဲ ပြည့်ရည်မှန်းချက်တွေပြည့်ဝအောင်ကြိုးစားချင်တာ"
"ဝမ်း ဖြစ်ချင်တာ ကိုကိုအကုန်လုပ်ပေးမယ် အကုန်ဖြည့်ဆည်းပေးမယ်'
"ဟင့်အင်း ပြည့်ကိုကြီးအရိပ်အောက်ကနေ ရုန်းထွက်ပြီး ပြည့်လမ်းပြည့်လျှောက်ချင်တာ"
"ဝမ်း....."
"ဒီကိစ္စတွေဖြစ်ပြီးသွားတော့ ပြည့်သေချာသိလိုက်ရတယ် တစ်နေ့ပြည့်နဲ့ကိုကြီးက တစ်ယောက်တစ်လမ်းစီလျှောက်ရမှာပဲ"
"မဟုတ်ဘူး"
ကိုကြီးငြင်းလိုက်သည်ကြောင့် ပြည့်မခံချင်စွာ
"ဘာလို့မဟုတ်ရမှာလဲ ကိုကြီးကလဲတစ်နေ့ မမမိုရ်နဲ့လက်ထပ်ရမှာ ပြည့်ကလဲ ပြည့်ချစ်တဲ့သူတွေ့ရင် လက်ထပ်ရမှာပဲမဟုတ်ဘူးလား"
"ကိုကိုလက်မထပ်ဘူး"
ကိုကြီးထံမှ ပြတ်သားစွာထွက်ပေါ်လာသော စကားကြောင့် ပြည့်အနည်းငယ်ကြောင်သွားမိသည်
ဒါကိုဆက်၍ ကိုကြီးပြောသည်က
"ဝမ်းလဲ ဘယ်သူနဲ့မှလက်မထပ်ရဘူး အရင်လိုပဲ ကိုကိုတို့ပြန်နေကြမယ်"
ဘာလဲ...လူကို အရင်ကတော့ သူပဲတခြားတယောက်လက်ထဲအတင်းထိုးထည့်ပြီးတော​့
ရမယ်တဲ့လား💭
ပြည့် အောက်နှုတ်ခမ်းလေးအား ဖိကိုက်၍
"မနေချင်ဘူး ပြည့်ဘာသာနေမယ် ကိုကြီးလာမရှုပ်နဲ့"
"ဝမ်းကိုကို့စကားနားထောင်"
"နားမထောင်ပါဘူး ကိုကြီးပြန်တော့ ပြည့် သွားစရာရှိတယ်"
"ဘယ်ကိုလဲ"
နေ့သစ် ပြည့်အားသေချာကြည့်လိုက်တော့ ဒူးအထက်ဂျင်းဂါဝန်လေးဖြင့်
နေ့သစ် အလိုမကျစွာမျက်မှောင်တို့ကြုတ်လျက်
"ဝမ်း စကပ်အတိုတွေ ဘာလို့ဝတ်တာလဲ"
ကိုကြီးစကားကြောင့် ပြည့်ကိုယ့်ဘာသာငုံ့ကြည့်လိုက်မိသည်
ကိုကြီးထံမှ ထွက်လာခဲ့တော့ ဘာအဝတ်အစားမှမပါခဲ့
Onlineကနေ မှာတာ စကပ်ကမဆိုစလောက်လေးတိုသွားသည်
အရင်ကဆို အဝတ်အစားတွေကအစ ကိုကြီးက ဝယ်ပေးခဲ့တာ
ကိုကြီးကအမြဲဂါဝန်အရှည်တွေပဲ ဝယ်ပေးတာများတယ်
💭ဟွန့်...သူကျ နေချင်သလိုနေပြီး ပြည့်ကိုကလိုက်ချုပ်ချယ်တယ် ရမယ်ထင်နေလား💭
"ဘာတိုရမှာလဲ ဘယ်နေရာပေါ်နေလို့လဲ"
"ကိုကိုမကြိုက်ဘူး ဝမ်း"
"ပြည့်ကြိုက်တယ်"
"ဝမ်း!!!!!!!"
"ကိုကြီး!!!!!!!!"
ပြည့်ကို လာအော်သည့် သူ့အားမကျေနပ်စွာ ပြန်အော်လိုက်မိသည်
နေ့သစ် အရင်ကထက် ပိုဆိုးလာသည့်ပြည့်ကြောင့် လက်မြောက်အရှုံးပေးလိုက်ရကာ
"ကိုကိုအော်မိတာတောင်းပန်တယ် ကိုကိုဘာလုပ်ပေးမှ ဝမ်းကိုကိုနဲ့ပြန်လိုက်မှာလဲ"
"ဘာလုပ်လုပ်ပြန်မလိုက်ဘူး"
"ဝမ်း!!!!မဆိုးနဲ့ကွာ"
"ဆိုးတယ် ဘာဖြစ်လဲ အဲ့တော့"
"ကျစ်!!!!!!"
"ပြည့်နောက် လိုက်ရဲလိုက်ကြည့် ကိုကြီးမတွေ့တဲ့ဆီ ထပ်ထွက်သွားမှာ"
ပြည့် ကိုကြီးအားချိန်းခြောက်ကာ လှည့်ထွက်လာခဲ့မိသည်
နေ့သစ်မှာတော့ ခါးထောက်ရပ်လျက် စိတ်ညစ်နေသည့် မျက်နှာကြီးဖြင့် ကျန်နေခဲ့ရလေ၏
"ဝမ်း အရမ်းဆိုးတာပဲ"

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now