11<Unicode>

2K 76 1
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕11💕

ပြည့် အိမ်အပြင်ဘက်တွင် ရပ်ကာ ကိုကြီးပြန်အလာကိုစောင့်နေမိသည်
မမမိုရ်ရဲ့အိမ်ကိုသွားလိုက်ပို့တာ ၇နာရီလောက်ထဲကပင်
ဒါကို ခု၁၀ခွဲနေပြီ ပြန်မရောက်သေး
ကိုကြီး ဘယ်များသွားနေပါလိမ့်
ပြည့်တွေးနေရင်း သက်ပြင်းတို့ချနေမိသည်

ပြည့်နဲ့မလှမ်းမကမ်းတွင် မင်း ရပ်နေကာ ဘာမှဝင်ပြောခြင်းမရှိ
မိုးချုပ်ပြီဆိုတော့ လေလေးက တဖြူးဖြူးတိုက်ခတ်နေလျက်
မင်း အိမ်ထဲသို့ခဏဝင်သွားကာ ပြန်ထွက်လာတော့ လက်ထဲတွင် ခြုံစောင်လေးတစ်ထည်ဖြင့်
ပြည့်အနားတိုးကပ်သွားရင်း
"မမလေး"
အကိုမင်းခေါ်သံကြောင့် ပြည့်လှည့်ကြည့်လိုက်လျှင်
ပြည့်အား ခြုံစောင်လေးကမ်းပေးနေကာ
"လေတိုက်တယ် မမလေး ဒါကကျွန်တော်မသုံးရသေးပါဘူး အသစ်ပါ"
အကိုမင်းစကားကြောင့် ပြည့်ပြုံးကာ ခြုံစောင်လေးအားယူလိုက်၍
"ပြည့်က ဇီဇာကြောင်လို့လား"
"ဟင်"
"ဟုတ်တယ်လေ စောင်အသစ်တွေဘာညာပြောနေလို့လေ တကယ်ပါပဲ"
"ကျွန်တော်ကဒီတိုင်း!!!!!"
ပြည့် ကောင်းကင်ယံထက် မှိတ်တုပ်မှိတ်တုပ်လင်းလက်နေသော ကြယ်လေးတွေအားမော့ကြည့်လျက်
"အကိုမင်း အချစ်ဆိုတာကို ဘယ်လိုသတ်မှတ်လဲဟင်"
"ကျွန်တော့်အတွက် အချစ်ဆိုတာ ပျော်ရွှင်ခြင်းပါ"
အကိုမင်းအဖြေအားပြည့်နားမလည်စွာ
"ဟင်"
မင်း ရှက်ပြုံးလေးပြုံးလိုက်ပြီး
"ကျွန်တော်ချစ်နေတဲ့ တစ်စုံတစ်ယောက် ပြုံးပျော်နေတာကို မျှော်ငေးနေတာနဲ့ ပျော်ရွှင်ရပါတယ်"
"အကိုမင်းက မျှော်ငေးနေစရာလိုလို့လား"
"ဗျာ...."
ပြည့်မကျေမနပ်လေးကြည့်လိုက်၍
"ပြည့်သူငယ်ချင်းကို အကိုမင်းလက်ထဲထည့်ပေးထားရတာနော် အကိုမင်းရှုပ်ရဲရှုပ်ကြည့် ပြည့်ဒီတိုင်းကြည့်မနေဘူး"
"ကျွန်တော်မလုပ်ရဲပါဘူး"
"အဟင်းးးးး နောက်တာပါ အကိုမင်းရဲ့ ပြည့်အကိုမင်းကို ယုံပါတယ်"
စကားပြောနေကြစဥ် ကားလေးဝင်လာသောကြောင့် စကားစတို့ပြတ်ကာ
ပြည့် ကိုကြီးထံပြေးသွားလိုက်မိသည်
"ကိုကြီး"
ကားပေါ်ကဆင်းလာသော ကိုကြီး ပြည့်ကိုမြင်တော့
"ဟာ ဝမ်း မအိပ်သေးဘူးလား"
ကိုကြီးထံမှ ရနေသည့်အရက်နံ့များကြောင့် နှာခေါင်းလေးရှုံလျက်
"ကိုကြီး အရက်တွေသောက်လာတာလား'
ပြည့်စကားကြောင့် နေ့သစ်မလုံမလဲဖြင့်
"နည်းနည်းလေး"
"ဟွန့်တကယ်ပါပဲ အရက်တွေသောက်ပြီး ကားမောင်းလာသေးတယ် ကိုကြီးကတော့လေ"
"ကိုကိုမမူးပါဘူး ဝမ်းရဲ့"
ပြည့်ရဲ့ လူကြီးဆန်ဆန်စကားလေးကြောင့် နေ့သစ်ပြုံးမိကာ
"အမူးသမားက ငါမူးနေတယ်ပြောပါ့မလား"
ပြည့် ကိုကြီးကိုအမြင်ကတ်မိသည်
အရက်တွေသောက်ပြီး ကားမောင်းလာရတယ်လို့ ဘယ်လောက်တောင်မှ အန္တရာယ်များလိုက်လဲ
ပြည့် ကိုကြီးလက်အားတွဲလိုက်တော့လဲ
"ကိုကို မမူးပါဘူးဆို"ဟု ငြင်းနေပြန်သေးသည်

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now