2(unicode)

3.1K 118 3
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕2💕

"ဖေဖေ"

နေ့သစ် ဖေဖေရှိရာစာကြည့်ခန်းထဲဝင်လာတော့ ဖေဖေကတစ်စုံတစ်ရာကိုကြည့်နေရာမှ မော့ကြည့်လာပြီး

"သြော် သားဝင်ခဲ့လေ"

"ဟုတ်"

အန်တီမအားသောကြောင့် ဖေဖေ့အတွက်ကော်ဖီဗန်းလေးယူလာပေးခြင်းပင်

နေ့သစ်ဖေဖေ့လက်ထဲက ဓာတ်ပုံလေးအားလှမ်းကြည့်လိုက်တော့မေမေ့ပုံပင်

"သားမေမေဆုံးတာတောင်၁၂ နှစ်ရှိသွားပြီနော်"

"........"

နေ့သစ်ဖေဖေ့အနားကပ်ကာရပ်လိုက်မိသည်

"သားမေမေကအရမ်းလှတာကွ သားကသားမေမေကိုတူလို့ချောတာထင်တယ်"

နေ့သစ်ပါးချိုင့်လေးတွေပေါ်အောင်ရီလိုက်ပြီး

"ဖေဖေ့ရောမေမေ့ရောမျှတူတာပါ"

ဦးနေကို ဓာတ်ပုံAlbumလေးအားလှန်ကြည့်နေပြီး

"ဒါကတက္ကသိုလ်welcomeတုန်းကလေ သားမေမေကMissတောင်ရခဲ့တာ"

နေ့သစ်ဘာမှပြန်မပြောပါပဲ တိတ်တဆိတ်နားထောင်နေမိသည်

နေ့သစ်မေမေ့ပုံစံကိုမမှတ်မိ

ဓာတ်ပုံတွေရှိနေခဲ့လို့သာ မေမေ့ပုံကိုကြည့်လို့ရခြင်းပင်

ဖေဖေပြောလာသည့်မေမေ့အကြောင်းတွေကနေ့သစ်အတွက် နားထောင်လို့ပင်မဝ

"ဒါက ဖေဖေတို့ချစ်သူဖြစ်တဲ့နေ့လေ"

ပန်းခြံတစ်ခုမှာချစ်ရသူနှစ်ဦး ပုခုံးလေးဖက်ထားလျက်

ဓာတ်ပုံကိုကြည့်နေသည့်ဖေဖေ့မျက်ဝန်းများတွင်လွမ်းဆွတ်မှုများအပြည့်

ပြီးတော့မျက်ရည်စတွေရစ်ဝိုင်းနေရုံမျှမက မေမေ့အကြောင်းပြောနေသောဖေဖေ့အသံများတွင်မြတ်နိုးခြင်းများစွက်နေလေသည်

အချစ်ဆိုတာ ဘယ်လိုမျိုးလဲ နေ့သစ်မသိပေ

တစ်ချို့သူတွေအတွက်တော့ ကြည်နူးခြင်းတွေ

တစ်ချို့အတွက်တော့လွမ်းစရာတွေ

တစ်ချို့လူတွေကြတော့နာကျင်စရာတွေပြည့်နှက်နေသည်

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now