Ending<Zawgyi>

1.1K 22 3
                                    


💕ဇာတ်သိမ်းပိုင်း💕

ဒီနေ့က ပိုင်နှင့်မိုရ်တို့ရဲ့Weddingနေ့ပင်
ညနေပိုင်းDinnerတွင် နေ့သစ်က သတို့သားဖြစ်တဲ့ ပိုင်နှင့်စကားပြောနေပေမယ့်လည်း အကြည့်တွေက ပန်းနုရောင်ဂါဝန်လေးဖြင့် အလှကြီးလှနေသည့်ပြည့်ထံ၌သာ
ပြည့်ကတော့ သူ့ကိုသတိတောင်ရပါ့မလား
မိုရ်တို့နှင့် စကားပြောကောင်းနေလျက်
"နေ့သစ်"
"အင်း"
"မင်းမျက်နှာကြီးဒီဘက်လှည့်ပါဦးကွာ မင်းမိန်းမကို ဘယ်သူမှ မ မသွားဘူး"
ပိုင်ထိုသို့ပြောလိုက်တော့ မကျေမနပ်ကြည့်လာ၍
"မ သွားရဲ မ ကြည့်လေ မင်းDinnerပါပျက်မယ်မှတ်"
"တောင်းပန်ပါတယ်မောင်မင်းကြီးသားရယ် ငါ့မင်္ဂလာလေးတော့အေးအေးဆေးဆေးလုပ်ခွင့်ပေးပါဦး"
နေ့သစ် ပြည့်အနားကောင်လေးတစ်ယောက် ချဉ်းကပ်​နေသည်ကို မြင်သောကြောင့်
ပြည့်ထံ အမြန်ဆုံးခြေလှမ်းတွေဖြင့်

ပြည့် အစားအသောက်များအားစိတ်ရောက်နေစဉ်
"ဟိုလေ....."
အနောက်မှ ခေါ်သံကြောင့် ပြည့်လှည့်ကြည့်ဖို့ကြံရွယ်လိုက်လျှင်ပဲ
"ဝမ်း!!!!!!"
ကိုကြီးရဲ့ အသံကြောင့်ပြည့်လှည့်ကြည့်လိုက်ရင်ပဲ အနားသို့ရောက်နေပြီဖြစ်သောကိုကြီး
"ဘာလုပ်နေတာလဲ ကိုကို့နားပဲနေ"
"ဘာစားရမလဲ ကြည့်နေတာ"
"ကိုကိုယူပေးမယ်"
"ဟုတ်"
ပြည့်ဝတ်ထားတာ ပန်းနုရောင် လက်တိုလေးဖြစ်သဖြင့် နေ့သစ်အပေါ်အင်္ကျီအားချွတ်၍ ဝတ်ပေးကာ
"အေးတယ်"
"ဟွန့် အေးပါဘူး"
"ကိုကို့စကားနားထောင်"
"ဟုတ်ကဲ့"

ကိုကြီးနဲ့ အကိုပိုင်တို့စကားပြောနေတုန်းအနားကစားပွဲဝိုင်းမှ ဝိုင်ခွက်အားယူ၍ ဘယ်သူမှသတိမထားမိခင် အိမ်ကအသင့်ယူလာသော အမှုန့်လေးအား အသာထည့်ပြီး
ကိုယ့်အတွေးနှင့်ကိုယ်ပြုံးလိုက်၏
"အကိုပိုင် လက်ထပ်ပွဲကိုဂုဏ်ပြုပါတယ်နော်"
"သြော်အေးပါ"
"ဂုဏ်ပြုပေးမလို့ ဒါကအကိုပိုင်အတွက်'
နေ့သစ်က ပြည့်အားကြည့်လာကာ
"ဝမ်း ဝိုင်တွေမသောက်ရဘူးလေ"
"ပြည့်သိပါတယ် ကိုကြီးရဲ့"
ပြည့် အကိုပိုင်နှင့်ဝိုင်ခွက်အား ခွက်ချင်းတိုက်၍
"ဂုဏ်ပြုပါတယ်နော် အဟင်းးးး ကလေးလေးတွေမြန်မြန်မွေးပါစေလို့"
"ဟားဟားဟား အဲဆုကိုပဲ လိုချင်နေတာ"
ပိုင်ကသဘောခွေ့နေသလောက် မိုရ်ကတော့ ရှက်စိတ်ကြောင့်မျက်နှာလေးနီမြန်းလာစွာ
"ပြည့်နော်"
"ဟီးးးးပြည့်အစားကိုကြီးသောက်ပေးလိုက်မယ်"
ဆိုပြီး နေ့သစ်လက်ထဲ ဝိုင်ခွက်အားထိုးထည့်လာသော သူမ
တကယ့်အလည်လေးးးးး

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now