3<unicode>

2.8K 99 3
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕3💕


"ခိခိ ကိုကြီးကိုမိပြီကွ"

ခြံဝန်းထဲတွင်ပျံနှံ့နေသည့်အသံသေးသေးလေး

နေ့သစ် လက်အားဆွဲကာ ပျော်ရွှင်မြူးထူးနေသည့်ပြည့်

နေ့သစ်ကလဲ ပြည့်လေးပြုံးပျော်နေသည်ကိုကြည့်ရင်း ပါးချိုင့်လေးတွေပေါ်သည်ထိပြုံးနေ၏

"ဟော...မောလိုက်တာ ကိုကို့ညီမလေးက အရမ်းအပြေးသန်တာပဲ"

"တကယ်လား"

"တကယ်ပေါ့"

နေ့သစ် ပြည့်ရှေ့တွင်ဒူးထောက်ထိုင်ချလိုက်ပြီး နဖူးထက်မှချွေးတွေအားအသာလေးသုတ်ပေးလိုက်၍

"ကိုကို့ပြည့်လေးမောနေပြီ ခဏနားရအောင်"

"ဟင့်အင်း...ပြည့်ဆော့ချင်သေးတယ်"

ထိုစဉ် ဒေါ်မျိုးချစ် အချိုရည်ခွက်လေးဖြင့်ရောက်လာကာ

"ဒီမောင်နှမနှစ်ယောက်ကတော့ လာခဏနားလာကြဦး အရမ်းဆော့နေကြတယ် မမောသေးဘူးလား"

နေ့သစ်ပြည့်လက်အားဆွဲကာ စားပွဲထံလာခဲ့၏

နေ့သစ်ထိုင်ခုံထက်ဝင်ထိုင်လိုက်တော့ ပြည့်က နေ့သစ်အားလက်လေးမြောက်ကာ ချီဖို့အချက်ပေးနေလေသည်

"အဟွန့် ညီမလေးကအရမ်းအနိုင်ကျင့်တာပဲကွာ"

သို့ပေမယ့်လည်း ပြည့်အားချီကာ သူ့ပေါင်ပေါ်ထိုင်စေရင်း

"သမီးကသံပုရာရည်ပဲသောက် နေ့သစ်လေးအတွက်လိမ္မော်ရည်အေးအေးလေးဖျော်လာခဲ့တယ်"

"ဟွန့် ပြည့်ဟာကျအေးဘူး မေမေဘက်လိုက်တာ"

ဒေါ်မျိုးချစ်သမီးရဲ့နဖူးအား လက်ဖြင့်ခပ်ဖွဖွတောက်လိုက်၍

"ပြည့်လေးကသမီးကိုကြီးလိုနေကောင်းလို့လား"

ပြည့် လက်ကလေးအားမြောက်ပြကာ

"ပြည့်လဲ ကြည့်ပါလားဗလတွေနဲ့ ဟီး ကိုကြီးလိုပဲ"

ပြည့်စကားကြောင့် နေ့သစ်ပါရီမိသွားလေသည်

တကယ့်အတတ်လေး

မေမေအထဲပြန်ဝင်သွားတော့

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now