5<unicode>

2.5K 89 3
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕5💕

နေ့သစ် ပိုင်တို့နှင့်ချိန်းထားသည့် ဆိုင်လေးသို့လာခဲ့လေသည်

ရောက်ထဲကမျက်နှာသိပ်မကောင်းသော နေ့သစ်ကြောင့် ပိုင်က

"ဟေ့ရောင် မင်းရုပ်ကလဲအီးမှန်ထားတဲ့မျက်နှာကြီး"

"အေးဆေးနေ ငါစိတ်ကြည်နေတာမဟုတ်ဘူး"

"Why?????"

မိုရ်ကလဲ သိချင်စွာ

"ဘာဖြစ်တာလဲနေ့သစ်"

နေ့သစ် လက်ဖဝါးဖြင့်မျက်နှာအားပွတ်လိုက်ပြီး

"ငါ မနဲ့ပြတ်သွားပြီ"

"ဘယ်လို!!!!!"

ပိုင်နဲ့မိုရ်ကအံ့အားသင့်နေပုံပင်

"နေ့သစ် မနေ့တနေ့က နင်တို့အဆင်ပြေနေပုံပါဟာ..."

နေ့သစ် အဖြစ်အပျက်တို့အားပြောပြလိုက်တော့

"ဒီကိစ္စမှာ ဝတီမိုးမမှားဘူးလို့ထင်တယ်နေ့သစ်"

မိုရ်ကလဲ သူ့အမြင်ကိုဝင်ပြောနေ၏

"ဟုတ်တယ်ကွ ဝတီမိုးကမာနကြီးပေမယ့်မင်းကိုတော့တော်တော်ချစ်တာကွသူလဲခံစားရမှာပဲ"

"မကကွာ ဘာလို့ပြည့်လေးနဲ့ငါ့ကိုနားမလည်ပေးနိုင်ရတာလဲ မင်းတို့လဲသိပါတယ် ပြည့်လေးကငါ့အတွက် အရမ်းအရေးကြီးတာကို"

မိုရ်နဲ့ပိုင်ကတော့တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါသော မျက်ဝန်းများဖြင့်ကြည့်ကာ

"အေးပါကွာ ရေစက်ကုန်သွားတယ်ထားပါတော့ အရမ်းကြီးလဲခံစားမနေနဲ့ငါ့ကောင်"

"မက ငါ့ရည်းစားဦးကွ"

"အဲ့ဒါဆိုလဲ နည်းနည်းပါးပါးဆွဲထားလိုက်တာမဟုတ်ဘူး"

"နေပါစေကွာ ငါဘယ်လောက်ပဲချစ်ပါစေ ပြည့်လေးနဲ့ငါ့ကိုနားမလည်ပေးနိုင်ရင် ငါလက်ထပ်ဖို့အတွေးမရှိဘူး စောစောစီးစီးပြတ်သွားတော့လဲ သံယောဇဉ်မတွယ်တာပေါ့"

ပိုင်က မိုရ်အားတစ်ချက်ကြည့်ကာ ချောင်းတမင်ဟန့်ရင်း

"အဟွတ် ကြားတယ်နော်"

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now