10<Unicode>

2.1K 76 9
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕10💕

"ပိုင်"
လွမ်းနေခဲ့ရသည့် အသံပိုင်ရှင်လေးကြောင့် ပိုင်မော့ကြည့်လိုက်တော့ သူ့ထံပြုံးကာ လျှောက်လာသောမိုရ်
မိုရ်သူ့ရှေ့ထိုင်လာသည်ထိ မျက်တောင်မခတ်တမ်းကြည့်နေမိသည်
ဒီနှစ်တွေအတောအတွင်း လေလှိုင်းကနေပဲ ဆက်သွယ်ဖြစ်ခဲ့သည်မလား
"ပိုင် ဘာတွေဒီလောက်ငေးနေတာလဲ"
"အာ...."
ထိုအခါမှ ပိုင်သူခိုးလူမိသွားသည့်နှယ်
အနည်းငယ်ရှက်မိသွားပေ၏

မိုရ် အရင်နဲ့ကွာခြားစွာ တကယ့်ဆရာဝန်ပုံစံပေါက်လာသော ပိုင်အားကြည့်မိသည်
ဟိုအရင်အချိန်တွေတုန်းက သူတို့သုံးယောက်ကျောင်းမှာတတွဲတွဲ
ခုတော့ တစ်ယောက်မျက်နှာတစ်ယောက်တွေ့ဖို့တောင် ခက်လာပြီမလား
နေ့သစ်ကလဲ သူ့အလုပ်တွေနဲ့ ပြည့်လေးနဲ့မအားလပ်
ပိုင်ကလဲ တာဝန်ကျရာ နယ်မြို့လေးကိုသွားနေရတာ ခုမှပြန်လာဖြစ်တယ်
ကိုယ်ကိုယ်တိုင်လည်း ဘာထူးလဲ ဆိုင်ကတစ်ဖက်နဲ့
"ဟိုကောင်နေ့သစ်ကရော ကိုယ့်သူငယ်ချင်းတစ်ယောက်လုံး ပြန်လာတာကို"
"နေ့သစ်က အလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ်ဟ နက်ဖြန်မှ ပြန်ရောက်လိမ့်မယ်"
"ကောင်စုတ်"
"နေ့သစ်က အရင်နဲ့မတူတော့ဘူးသိလား"
"သိသားပဲ စော်ကြည်ဘဲကြီးလေ ဟိုမင်းသမီးလဲ သူ့လက်ကမလွတ် ဟိုမော်ဒယ်လဲ သူ့လက်ကမလွတ် မနာလိုချင်စရာကြီး"
ငါချစ်တဲ့ နင်ကလဲ သူ့ကိုပဲ ချစ်နေတာပဲမလား💭💭
အဲ့စကားကိုတော့ ထုတ်မပြောဖြစ်ခဲ့ပါ
"နင်ကတော့လေ!!!!!!အဟင်း"
"နင်ရောမိုရ်...."
ပိုင်အမေးအားနားမလည်စွာဖြင့်
"ဘာကိုလဲဟ"
"သူ့ကိုမေ့နိုင်ပြီလား"
"နင်ကလဲဟာ...."
"ကြည့်ရသလောက်ကတော့ မမေ့နိုင်သေးဘူးမလား"
"တော်တော့ ပိုင်စုတ်"
စကားနှင့်အတူ လက်မောင်းတစ်ဖက်ကအရိုက်ခံလိုက်ရပေသည်
ခုထိစကားပြောရင် လက်ပါတတ်တဲ့အကျင့်မပျောက်သေး
"အာ့....နင်ငါ့ကိုဆိုအရမ်းအနိုင်ကျင့်တာပဲ"
"ကျင့်တယ်ဟာဘာဖြစ်ချင်လဲ"
ပိုင် မကျေမနပ်ဖြင့်
"နင်ငါ့ကိုတာဝန်ယူရမယ်'
"ဆုတောင်းလေ"
ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးပုံစံဖြင့်ပြောနေသော မိုရ်ကြောင့်သူစိတ်အေးရပါသည်
မိုရ်ကအရမ်းဟန်ဆောင်ကောင်းတာ
နေ့သစ်အနားမှာတောင် ဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့သေးတာလေ
ဒါပေမယ့်မိုရ်ရယ် ငါတို့ကဟန်ဆောင်ကောင်းတာမဟုတ်ပါဘူး
ငါတို့ချစ်တဲ့သူတွေရဲ့ နှလုံးသားထဲမှာ ငါတို့ရှိမနေခဲ့လို့ သူတို့မမြင်တာပါ
ငါ့လိုပဲပေါ့......

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now