7<Zawgyi>

997 22 1
                                    


Episode💕7💕

နေ့သစ် အလုပ်တွေအားအပြတ်ဖြတ်ကာ အိမ်သို့ပြန်လာခဲ့မိသည်
ဒီနေ့တော့ ပြည့်လေးကိုအချိန်ပေးရမည်
နေ့သစ် အတွေးများစွာဖြင့် .....
"အကိုလေး ဟိုဟာမမလေးမလား"
အိမ်ကDriverဦးမျိုးစကားကြောင့် နေ့သစ်ကြည့်လိုက်မိတော့ အိမ်ထဲမှပြေးထွက်လာသူပြည့်
နေ့သစ် ကြည့်နေစဉ်မှာပဲ ပြည့် လမ်းမကြီးအားဖြတ်ကူးလိုက်ရာ တစ်ဖက်မှလာသောကားကြောင့် နေ့သစ် ကားပေါ်ကဆင်းပြေးလိုက်ပေမယ့်
ဒုန်း .....ကျွီ💥💥💥
နေ့သစ် ခြေလှမ်းတုံ့ရပ်တန့်မိကာ မြင်လိုက်ရသော မြင်ကွင်းအားမယုံနိုင်စွာကြည့်နေမိသည်
"ဟယ် တိုက်မိပြီ"
လမ်းပေါ်မှ လူတစ်ချို့စကားသံများ

နေ့သစ် သွေးတွေများပြည့်နှက်နေသော ပြည့်ကိုယ်လေးအားပွေ့ကာ ဆေးရုံသို့ပြေးဝင်လိုက်ပြီး
"သူမကို ကယ်ပေးပါ"
ဆရာဝန်ကြီးတွေ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်နေသည်ထိ နေ့သစ်ပြည့်လက်လေးအားမလွတ်ရဲ
"လူနာကိုခွဲစိတ်ခန်းပို့ရပါမယ်"
ခွဲစိတ်ခန်းတံခါးရှေ့ နေ့သစ် ပြည့်လက်အားမလွတ်ချင်လွတ်ချင်နှင့် လွတ်ပေးလိုက်ရကာ ထိုနေရာမှရွေ့ပင်မရွေ့မိ
"ဘာမှမဖြစ်လိုက်ပါနဲ့ ပြည့်လေးရယ်"
နေ့သစ် စိုးရိမ်စိတ်တို့က ရင်ကိုမီးမြိုက်နေသည့်အလား
သူမှားတာ.....
သူစောပြန်ခဲ့ရမှာ သူသာအိမ်မှာနေခဲ့ရင် ခုလိုဖြစ်မှာမဟုတ်ဘူး

တချပ်ချပ်နှင့် ရွေ့လျားနေသောနာရီက တစ်စက္ကန့်ကတစ်သက်မျှ ကြာမြင့်သည်ဟုထင်ရပေသည်
ခွဲစိတ်ခန်းထဲက ဆရာဝန်တစ်ယောက်ပြေးထွက်လာတော့ နေ့သစ် အပြေးသွားကာ
"ဒေါက်တာပြည့်လေး....."
"လူနာအတွက်အရေးတကြီးသွေးလိုအပ်နေပါတယ်"
"ဗျာ....ဘာသွေးလဲ"
"ABသွေး ဆေးရုံမှာလဲ သွေးအလုံအလောက်မရှိဘူး"
နေ့သစ်မျက်လုံးတွေ လင်းလက်သွားရကာ
"ကျွန်တော်လှူပါ့မယ် ကျွန်တော်ABသွေးပါ"
"ကျွန်တော့်နောက်လိုက်ခဲ့ပေးပါ"

💎💎💎💎💎💎💎💎💎💎💎

ပြည့် မြူခိုးတွေအုပ်ဆိုင်းနေသော တောအုပ်တစ်ခုထဲ ရောက်နေသည်
ဒါ ဘယ်နေရာလဲ....
ပြည့် ဟိုကြည့်ဒီကြည့်ဖြင့် ကိုကြီးအားရှာဖွေနေမိ၏
"ဟင့် ကိုကြီး ပြည့်ကြောက်တယ်"
ပြည့် ထိုနေရာတွင် ထိုင်ချကာငိုကြွေးနေချိန်
"ပြည့်လေးကိုကိုတောင်းပန်ပါတယ်ကွာကိုကို့ကို မထားခဲ့ပါနဲ့"
ကိုကြီးအသံကြောင့် ပြည့်ငိုနေရာမှ
"ကိုကြီးလား ဟင်"
ပြည့် ကိုကြီးအသံလာရာဘက်သို့ အပြေးသွားမိသည်
"အဟင့်အင့် ပြည့်ကိုလာခေါ်ပါ ပြည့်ကြောက်တယ်လို့ အီး"
ပြည့် ပြေးရင်းဖြင့် ပြည့်ချောက်နက်ကြီးထဲ ကျသွားသကဲ့သို့
"အား!!!!!!"
ပြည့် ကိုယ့်အသံကိုယ်နားထဲပင် ပြန်ကြားယောင်နေမိသည်
ပြည့် မျက်လုံးတွေအား အားယူဖွင့်ကြည့်တော့စူးဝင်လာသော အလင်းရောင်ကြောင့် မျက်လုံးတို့ပြန်မှိတ်မိ၏
အာခေါင်တွေခြောက်နေကာ တကိုယ်လုံးလဲ နာကျင်ကိုက်ခဲနေ၍
"အင့်"
ပြည့် တိုးညှင်းစွာဆိုလိုက်တော့ ခဏမှေးခနဲ အိပ်ပျော်သွားသည့်နေ့သစ်
နိုးလာရကာ
"'ပြည့်....ပြည့်လေးနိုးလာပြီလား"
နေ့သစ် အတိုင်းမသိဝမ်းသာမိသည်
ပြည့်လေးသတိမေ့နေခဲ့တာ တစ်ပတ်တောင်ပြည့်တော့မယ်လေ
"....."
နေ့သစ် ပြည့်နဖူးလေးအားနမ်းလိုက်မိ၏
"ကျေးဇူးတင်ပါတယ်ကွာ ကိုကို့ဆီပြန်လာခဲ့ပေးလို့"
ပြည့် ကိုကြီးအားကြည့်နေရင်း မျက်ဝန်းထဲမြင်ယောင်လာသည့်ပုံရိပ်တစ်ချို့
"သွားသေလိုက်တော့"
နားထဲကြားယောင်လာသည့်စကားတို့နှင့်အတူ မျက်ဝန်းထဲမြင်ယောင်လာသည့် ပုံရိပ်တချို့ကြောင့်
"အား!!!!!!မလာနဲ့ ဟင့်အီး"
ပြည့်ထံမှ မထင်မှတ်သောစကားသံတို့နှင့်အတူ ကြောက်လန့်နေသော သူမပုံရိပ်လေးကြောင့်
"ပြည့်လေး"
"ဟီးအီး ပြည့်ကြောက်တယ် အဟင့်ဟီး ပြည့်ကိုသတ်ပါနဲ့ ဟင့်"
"ပြည့်လေး....ပြည့်လေး"
"အဟင့်အီး"
နေ့သစ် ဘာလုပ်ရမယ်မသိဖြစ်နေစဉ် Roundလှည့်လာသောဆရာဝန်တို့က ပြည့်အားစိတ်ငြိမ်ဆေးထိုးပေးတော့မှ ငြိမ်ကျသွားလေသည်
"ဒေါက်တာ ပြည့်လေး ဘာဖြစ်တာလဲ"
"သူကြုံတွေ့ခဲ့ရတာတွေကြောင့် စိတ်ဒဏ်ရာရသွားပုံပဲ"
"ခင်ဗျာ!!!!!"
"ကလေးခန္ဓာကိုယ်မှာအချို့နေရာတွေမှာ အညိုအမဲစွဲနေတာကိုကြည့်ရတာ အနိုင်ကျင့်ခံထားရတဲ့ပုံပဲ"
".........."
"သူ့ကိုသေချာဂရုစိုက်ပေးပါသူလိုအပ်နေတာ မိသားစုဝင်တွေဆီက နွေးထွေးမှုပါ သူ့ခြေထောက်အကြောင်းကိုတော့ ဖြည်းဖြည်းချင်းအသိပေးရမယ် မဟုတ်ရင် ပိုစိတ်ထိခိုက်သွားနိုင်တယ်"
ဆရာဝန်ထွက်သွားတော့ နေ့သစ် သက်ပြင်းတို့ချလိုက်မိသည်
ဘယ်လိုလုပ်များ.......ပြည့်ကိုထိခိုက်စေခဲ့ရတာလဲ
ဒေါ်မိုး....
နေ့သစ် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်ပြီး လက်သီးတို့ကိုကျစ်နေအောင်ဆုပ်လိုက်ကာ နံပါတ်တစ်ခုအားခေါ်ဆိုလိုက်၏
"အဲ့မိန်းမကို ရှာတွေ့ပြီလား"
"......"
"အဲ့မိန်းမကို ဘာမှမလုပ်နဲ့ ငါကိုယ်တိုင်အပြစ်ပေးမယ်"

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now