18<Unicode>

3.3K 79 13
                                    

🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀

Episode💕18💕

ပြည့် ဆေးရုံကဆင်းတော့ ကိုကြီးနဲ့အတူ အိမ်ကိုပြန်လာခဲ့သည်လေ
အိမ်ရှေ့ကားရပ်တော့ ကိုကြီးကအရင်ဆင်းကာ ပြည့်ဘက်မှကားတံခါးအားဖွင့်ပေးပြီး
"ကိုကို wheelchair သွားယူဦးမယ်"
"ဟင့်အင်းလို့....ကိုကြီးပဲ ချီ"
"ဝမ်းသဘော...."
ကိုကြီးက ပြည့်ကိုယ်လေးအားချီလိုက်တော့ ပြည့်ကိုကြီးလည်တိုင်အားအလိုက်သင့်တွယ်ဖက်ရင်း အိမ်ထဲသို့ဝင်ခဲ့ကြသည်
ကိုကြီးကပြည့်အားချီကာ အပေါ်ထပ်က ပြည့်အခန်းရှိရာဆီတက်လာကာ အခန်းထဲဝင်လာခဲ့၏
နေ့သစ်ပြည့်အားအိပ်ယာထက်ချပေးကာ
"ဝမ်း တစ်ခုခုလိုတာရှိရင် ကိုကို့ကိုပြောနော်"
ပြည့် ကိုကြီးအားကြည့်ကာပြုံးလျက်
"ပြည့်လိုတာကိုကြီးကိုလေ"
"အဟွန့် ဝမ်းကတော့ကွာ"
ကိုကြီးက အသည်းယားဟန်ဖြင့်ပြည့်ခေါင်းလေးအားအသာလေးပုတ်ရင်း
"ဟွန့် ပြည့်ဆံပင်တွေပွကုန်တော့မယ်"
"ကိုကိုပြန်ဖြီးပေးမှာပေါ့"
ပြည့် အခန်းအားသေချာလှည့်ပတ်ကြည့်၍
"အခန်းက ဘာမှပြောင်းလဲမသွားဘူးနော်"
"ဝမ်း ပြန်လာရင်အသင့်နေလို့ရအောင်လို့လေ"
"ဟီးးးးးပြည့်ကိုကြီးအရမ်းတော်တယ်"
ပြည့်လက်မလေးထောင်ကာချီးကျူးလိုက်တော့ ပြည့်သဘောကျလှတဲ့ ပါးချိုင့်ခွက်ခွက်လေးတွေပေါ်အောင်ပြုံးနေပြန်၏
"ကိုကြီး"
"ဟင်"
"ပြည့်ကိုချစ်လား"
"အဟွန့် ဘာလို့ခဏခဏမေးနေတာလဲ ဝမ်းရဲ့"
"ကြားချင်လို့ အိမ်မက်မဟုတ်ဘူးဆိုတာအတည်ပြုတာ"
"ကိုကိုအချိန်တိုင်း စက္ကန့်တိုင်းပြောနေမှာမို့ ဝမ်းမေးစရာမလိုဘူးမောနေမယ်"
"အာ့ဆိုပြော ချစ်လားပြည့်ကို"
"ချစ်တယ် အများကြီးချစ်တယ်'
"ဘယ်လောက်ကြီးချစ်တာလဲဟင်"
"အများကြီး....အရာအားလုံးထက် ကိုယ့်ကိုကိုယ်ထက်ပိုချစ်တယ်"
"ဟီးးးးးး"
"ဝမ်းဘာစားချင်လဲ ကိုကိုကိုယ်တိုင်စားဖိုမှူးလုပ်မယ်လေ"
ပြည့် စဥ်းစားနေဟန်လေးဖြင့်
"ဘာစားချင်တာလဲဆိုတော့ အမ်း.....ပြည့်ကိုကြီးကိုကြည့်နေရတာနဲ့တင် ဗိုက်ပြည့်နေပြီ"
"အဟွန့် စကားတွေသိပ်တတ်"
"ကိုကြီးကို ချစ်လို့"
"ဟုတ်လား ချစ်တယ်ပေါ့"
"အင်း ကိုကြီးကိုအများကြီးချစ်တယ်"
"ဟုတ်ပါပြီဗျာ....ခဏနေခဲ့ဦးနော် ကိုကိုစားရအောင်သွားပြင်လိုက်ဦးမယ်"
"ဟုတ် ကြာကြီးသွားနဲ့ ကိုကြီးကိုလွမ်းပြီးလွမ်းဖျားဖျားသွားမှာမို့ဟိဟိ"
"အာ....ဝမ်းကတော့ကွာ"
နေ့သစ်အသည်းယားစွာ သူမပါးလေးအားဖျစ်ညစ်လိုက်မိ၏
တကယ့်အတတ်လေး

🥀🥀ပန်းကလေးရဲ့ ဥယျာဥ်မှူး🥀🥀 (🥀🥀ပန်းကလေးရဲ့ ဥယျာဉ်မှူး🥀🥀)Where stories live. Discover now