~Part 4~

2.7K 242 23
                                    

Unicode

မနက်ခင်းလေးတစ်ခုမှာကိုယ့်ဆိုင်ရာအလုပ်ဆီသွားဖို့ပြင်ဆင်နေကြတဲ့အတွဲလေး

"ဂျီလေး လာတော့ကိုကိုနောက်ကျနေပြီ"

"ဟုတ်ပါပြီ ဟွင့် ကိုကိုနော် ဘယ်ကောင်မကမျှော်နေလို့ အတင်းတေနောက်ကျပြီ ပြောနေရတာတုန်း"

"မဟုတ်ရပါဘူးကွာ ကိုကို့မှာဒီခလေးလေးတစ်ယောက်ထဲရှိတာကို"

"ပြီးရော သွားမယ်"

~~~

"Dream Cafeကနေကြိုဆိုပါတယ် ဘာများသုံးဆောင်မလဲခင်ဗျ"

"........"

"ဒီမှာဒီမှာ..."

ဂျီမင်းတစ်ယောက်သူ့ကိုမျက်တောင်မခတ်စိုက်ကြည့်နေတဲ့နေကာမျက်မှန်တပ်ထားသူကို လက်သွားကာပြနေတယ် မျက်စိရောမြင်ရရဲ့လားပေါ့လေ

"အဟင်း အဟင်း..."

လက်ကာပြနေတဲ့ဂျီမင်းလေးဟိုလူကချောင်းဟန့်ပြလိုက်တော့ လန့်ပြီးနောက်လေးတောင်တွန့်သွားတယ်

"ဒီဆိုင်မှာဘာအကောင်းဆုံးလဲ"

"ကော်ဖီ ကျနော်ကိုယ်တိုင်ဖျော်တာ ကျနော့်လက်ရာလေ ဟဲဟဲ"

"ကိုယ်ကော်ဖီအလက်ဂျစ်ရှိတယ်"

"ဪ ဟုတ်လား"

နှုတ်ခမ်းလေးဆူသွားပြီးဂုတ်လေးကိုကြောင်တောင်တောင်ပုံစံလေးနဲ့ကုပ်နေတဲ့ဂျီမင်း

ထိုလူလည်းမျက်မှန်ချွတ်လိုက်တော့

*ချောလိုက်တာဗျာ မျက်လုံးအကြည့်တေကစူးရှလွန်းတယ် ကိုကိုတစ်ယောက်ထဲဒီကမ္ဘာမှာချောတယ်ထင်တာ ကျန်တဲ့သူချောတောင်ချောတယ်ဝန်မခံဖူးဘူး ဒီလူနဲ့ကျမှ...*

ဂျီမင်းတစ်ယောက်စိုက်ကြည့်ခံနေရတာကြောင့် အကြည့်လွှဲကာ မျက်နှာလေးနီသွားပြီး

"ဟို..ဟိုလေ ဦး..ဦးလေး ချောကလက်ကြိုက်လား"

"မဆိုးဘူးပဲ အဲ့တာကိုယ့်အကြိုက်ဆုံးလေ"

🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️Where stories live. Discover now