~Part 12~

1.5K 175 37
                                    

Unicode

မျက်ဝန်းအစုံကိုဖွင့်လိုက်တော့ မရင်းနှီးတဲ့ မျက်နှာကြက်တစ်ခု

*ဒါ ဘာနေရာကြီးလဲ*

ထိုစဉ်အနားကိုဆရာဝန်ရောက်လာတယ် သေချာသွားပြီ ဒါဆေးရုံပဲ ဂျီလေးရော~~~

"လူနာ နိုးလာပြီပဲ လူနာ့မှာ ဆွေမျိုးသားချင်းမရှိဘူးလား"

"မရှိဘူးဗျ orphanပါ"

"ဪ ဒါဆိုလည်း တစ်ခြားအသိတစ်ယောက်ယောက်မရှိဘူးလား‌"

"ရှိ ... ရှိတယ်"

ဂျောင်ကုဂျီမင်းကိုဖုန်းဆက်နေခဲ့သည် သို့သော်တစ်ဖက်ကမကိုင် ညဘက်လည်းညဘက်မို့ သူစိုးရိမ်တကြီးကြီး ဖုန်းဆက်နေခဲ့ရတဲ့ကောင်လေးဟာ တစ်ခြားသူတစ်ယောက်နဲ့လှပတဲ့ညကို ဖန်တီးနေလေရဲ့...

~~~

"ဦး...."

"ဟင်...."

ဂျီမင်းတစ်ယောက် ထယ်ယောင်းရင်ခွင်ကြီးထဲတိုးဝင်ပြီး လက်ညှိုးသေးသေးလေးနဲ့ ထယ့်ရင်ဘတ်ကိုကစားလိုက်ပွတ်လိုက် ကုတ်လိုက်လုပ်ကာ နှုတ်ခမ်းလေးထော်ပြီးချွဲနေသည်

"ဦး မင့်ကိုချစ်လားဟင်"

"ရုတ်တရတ်ကြီး? ချစ်တယ်လေ မင်လေးရဲ့"

"ချစ်တယ်ဆိုချစ်တယ်လိုက်ပေါ့ ဘာလို့ရှေ့က ရုတ်တရတ်ကြီးဆိုတာကိုထည့်ရတာလဲ"

"ရုတ်တရတ်ဆိုတော့ ဦးလည်းကြောင်သွားတာပေါ့ မင်လေးဘာများဖြစ်လဲလို့"

"တွေ့လား ရုတ်တရတ်တောင်မမေးရတော့ဘူးလား ဘာလဲ ယောင်ပြီး စိတ်ခံစားချက်အစစ်အတိုင်း မချစ်ဘူးဖြေမိမှာစိုးလို့လားတော်ပြီ ဟင့် သွား"

"မင်လေးကွာ ဆိုးလိုက်တာ လာ ရင်ခွင်ထဲ ပြန်လာခဲ့"

"ဟင့်အင်း လွှတ် လူယုတ်မာယီး"

"ဦး ယုတ်မာပြမယ်လေ လာပါ"

"ဟင့် ဦးနော် လူဇိုးယီးတိုင်းပဲ ကြောက်တောင်ကြောက်လာပြီ မင့်ကိုရောတကယ်ချစ်ရဲ့လားသိဝူး"

🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️Where stories live. Discover now