~Part 14~

1.6K 162 63
                                    

Unicode

"မင်လေးရေ လာ မနက်စာစားရအောင်"

"ဟုတ်လာပြီ ဦး"

"ဒီမှာ မင်ကြိုက်တတ်တဲ့ မနက်စာပြင်ပေးထားတယ်"

"ဦးကိုယ်တိုင်ပြင်ပေးတာလား"

"ဟုတယ် ဟီးဟီး ပြင်ပေးကြည့်တာ"

"အမယ် အခုတော့ဦးလက်ရာစားရပြီပေါ့"

ဂျီမင်းပထမအကိုက် ပေါင်မုန့်ကိုကိုက်လိုက်သည်နှင့်ပင် မျက်နှာကြီးရှုံမဲ့သွားသည်

"အဟွတ် ဟွတ် အဟွတ်..."

"ဘာ..ဘာလို့လဲ မင်လေး ရော့ဒီမှာရေလေးသောက် မကောင်းလို့လား မှန်းစမ်း ဦးစားကြည့်မယ်"

ထယ်ယောင်းလည်းသူ့မုန့်သူပြန်စားကြည့်လိုက်တော့

"အဟွတ် အဟွတ် ငန်တူးနေတာပဲ သကြားထည့်လိုက်တာပါ ဆားနဲ့မှားသွားတယ်ထင်တယ်"

"ဦးကတော့လေ...ဖြစ်ရမယ်...မင်လေးပဲလုပ်ပေးတော့မယ် မနက်စာ"

"ဒေါ်ကြီးတေကိုခိုင်းလိုက်ပါ မင်လေးအလုပ်ရှုပ်နေဦးမယ်"

"ရှုပ်ပါဝူး ဘာလဲ ဦးကမင်လေးလုပ်ကျွေးတာစားချင်ဝူးလား"

"စားချင်တာပေါ့"

"ဟီး"

"နေဦး အာဝါးပေးဦး ဦးကို"

"ပြွတ်စ်"

"ဟာ ရဝူးလေ နှုတ်ခမ်းလေးရော‌ပေး"

"ဦးနော် နိုင်ကျင့်မြဲတမ်း"

"ဦးကအနိုင့်ကျင့်ဟုတ်ပါတူး မင်လေးရဲ့ မင်လေးကရော ဦးနှုတ်ခမ်းလေးကိုအာဝါးမပေးချင်ဘူးလား မင်လပဲပြောတော့ဦးနှုတ်ခမ်းလေးကစတော်ဘယ်ရီလေးနဲ့တူ....."

ထယ်ယောင်းစကားမဆုံးခင် ဂျီမင်းတစ်ယောက်ထယ်ယောင်းရဲ့ပါးနှစ်ဖက်ကိုညှစ်ကာဆူထော်ထော်ထွက်လာတဲ့နှုတ်ခမ်းလေးကိုပြွတ်စ်ခနဲစုပ်နမ်းလိုက်တယ်

"ရပြီလား"

"ချိုလိုက်တာကွာ ပျားသကာလေးလိုပဲ"

"ပိုပြီ"

ဂျီမင်းမနက်စာလုပ်ပေးပြီးတော့...

"ကောင်းလိုက်တာ မင်လေးလုပ်ပေးတာက မင်လေးနေ့တိုင်းဦးကိုလုပ်ကျွေးပါလား ဦးအိမ်တော်ထိန်း‌အဒေါ်ကြီးတေလက်ရာမစားချင်ဘူး မင်လေးလုပ်ပေးတာကိုပဲစားချင်တော့တယ်"

🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️Donde viven las historias. Descúbrelo ahora