~Part 20~

1.4K 125 26
                                    

Unicode

ထယ်ယောင်းပြန်လာတဲ့နေ့...

"ဦး...!!!ဟီးဟီး ဦးနဲ့ခွဲရတဲ့ရက်အတွင်းမှာလေတစ်ရက်ဆိုရင်တစ်နှစ်လို့ခံစားနေရသလိုပဲ ပျင်းလည်းပျင်းတယ်"

"ကိုယ့်ခလေးလေးပျင်းနေတာပဲ aigoo ဦးအတိုးချပြီးအချစ်တွေပိုပေးမယ်ဟုတ်ပြီလား"

"ခ်ခ် ဟုတ်"

~~~

ကုမ္ပဏီတွင်

"ဒီကုမ္ပဏီကဝန်ထမ်းတေရော ကြွရောက်လာကြတဲ့ရှယ်ယာရှင်တေနဲ့ တစ်ဖက်ကုမ္ပဏီတွေကိုရော ကျွန်တော်အသိပေးစရာရှိပါတယ် အဲ့ကတော့ ကုမ္ပဏီလွှဲပြောင်းပေးဖို့ကိစ္စပါ"

အကုန်လုံးကလက်ခုပ်ဩဘာများတီးလျက်

ထယ်ယောင်းလည်းခပ်ပြုံးပြုံး

"ကျွန်တော်ဒီကုမ္ပဏီကို ကျွန်တော့်သားငယ် ကင်မ်ဂျောင်ကုကို လွှဲပေးမှာပါ"

လူတေအကုန်လုံးကလက်ခုပ်ဩဘာထပ်ပေးပေမယ့် ထယ်ယောင်းကတော့ပြုံးနေတာမဲ့ကျသွားပြီးလက်သီးများဆုပ်လျက်

*ဘာလဲ ငါ...ငါအခုအကုန်ဆုံးရှုံးရတော့မှာလား အဲ့အဘိုးကြီးကိုဒီလောက်ငါကောင်းကောင်းမွန်မွန်အဖေရင်းလိုဆက်ဆံပြီး ကူညီပေးခဲ့တာကိုလေ???? လုပ်ရက်လိုက်တာ တစ်နေ့ကမှတွေ့တဲ့သားအရင်းကို ကုမ္ပဏီတစ်ခုလုံးလွှဲပေးရကောင်းလား*

ထယ်ယောင်းတစ်ယောက်ဒေါပွပွနဲ့ အလုပ်တေပစ်ထားခဲ့ပြီး ဘားမှာသွားသောက်နေလေရဲ့

အိမ်မှာကတော့

"ဂျီလေး ကိုကိုပြန်ရောက်ပြီ"

"ဟုတ်...ဟို..."

"ကိုကို့ကိုလေ...အဖေကကုမ္ပဏီလွှဲပြောင်းပေးတော့မှာ"

"ဘယ်လို???"

"ပျော်ဖို့ကောင်းတယ်မလား ဟီး...ကိုကိုအဖေ့ကုမ္ပဏီတေငွေတေမက်လို့တော့မဟုတ်ပေမယ့် ကိုကို့ကိုအသိအမှတ်ပြုပေးတာပျော်တယ်"

🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️Where stories live. Discover now