~🔞Part 15🔞~

3.3K 169 68
                                    

Unicode

"ကိုကို~~~"

"အာ ဂျီလေး လာလေ"

"ကိုကို ဘာတေလုပ်‌နေတာလဲဟင့်"

(A/N:ရုံးပတီသီးလိုချွဲပစ်တဲ့အသံနဲ့)

"ကိုကို အလုပ်လုပ်နေတာ ဂျီလေးရဲ့ ဒီမှာကြည့် ဒီဇိုင်းလှလား"

"ကိုကိုဆွဲတာလားဟင်"

"အင်း ဟုတယ်လေ ဒါဆောက်လိုက်ရင် တော်တော်အဆင်ပြေမှာ ပြီးတော့ မြို့ရဲ့ centerလည်းကျတော့ စီးပွားရေးအတွက်လည်းအရမ်းအဆင်ပြေနိုင်တဲ့ကုန်တိုက်ဖြစ်မယ်"

"အဲ့တာကိုကို့ကို အဖေကခိုင်းတာလားဟင်"

"ဟုတာပေါ့ ဂျီလေးရဲ့ ပြီးတော့ ကိုကိုကိုယ်တိုင်ကလည်း အေးဆေးကြီးအလုပ်မရှိဘဲထိုင်မနေတတ်ဘူးလေ အာ့ကြောင့် ကိုကို စိတ်ဝင်စားပြီး ကူညီနိုင်တဲ့ architecture အလုပ်လုပ်ပေးတာ အစအဆုံးမဟုတ်ပေမယ့် ကျွမ်းကျင်ပညာရှင်တေကို ကိုကို့အကြံဉာဏ်နည်းနည်းပါးပါးလေးပေးလို့ရတာပေါ့ ဒီနားဘယ်လိုဆိုကောင်းမယ် ဟိုနားလေးဟိုလိုဆိုကောင်းမယ်ပေါ့"

"ကိုကိုကတော်လိုက်တာ ဟုတ်သား ကိုကိုက architecture ကိုငယ်ငယ်ထဲကဝါသနာပါပြီး တက္ကသိုလ်ကိုရရဲ့သားနဲ့  ကျောင်းပြီးခါနီးမှာထွက်လိုက်တာလေ"

"အာ ကိုကိုက ဂျီလေးကိုကျောင်းဆက်တက်စေချင်လို့ပေါ့ ဂျီလေးရဲ့...ပိုက်ဆံကအများကြီးလိုလာပြီလေ အဲ့တာကြောင့် ကိုကိုပိုအလုပ်လုပ်ရတော့မှာမို့ထွက်လိုက်တာ"

"ကိုကိုရယ် ဂျီလေး ကျေးဇူးကန်းမိသလိုဖြစ်နေပြီ ဂျီလေးကိုခွင့်လွှတ်တယ်မလားဟင် ဟင်လို့"

"ခွင့်လွှတ်တာပေါ့ ထပ်မလုပ်နဲ့တော့ခုလို အဲ့လိုဆို ကိုကိုခွင့်မလွှတ်တော့ဘူး"

"ဟင့်...အဟင့်"

"ဟင် ဂျီလေး ဘာလို့ငိုနေတာတုန်း ကဲ ကလေးလေးကျနေတာပဲရော ... ကျားးး"

ဂျီမင်းလေးကိုမချီပြီးသူ့ပေါင်ပေါ်တင်ထားလိုက်သည် အဲ့နောက်ဂျီမင်းမျက်ရည်လေးများကိုသုတ်ပေးလျက်

"ဘာလို့ငိုရတာလဲ ဂျီလေးရဲ့"

"ကိုကို့ကို ချစ်တယ် ကိုကိုကဂျီလေးကိုခွင့်လွှတ်ပေးတယ် ဒီလောက် ဆိုးရွားတဲ့အပြစ်တေလုပ်ထားတာတောင်ကို ဂျီလေးတောင်းပန်ပါတယ်ကိုကို"

🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️Where stories live. Discover now