~Part 16~

1.4K 151 49
                                    

Unicode

"ဒီနေ့ အားလုံးကိုမိတ်ဆက်ပေးမယ် ဒါကကျနော့်ရဲ့ပျောက်‌ဆုံးနေတဲ့သားလေး ကင်မ်ဂျောင်ကုပါ သူကမန်နေဂျာရာထူးယူပါလိမ့်မယ်"

"အဖေ အဲ့လိုဂျောင်ကုကိုမန်နေဂျာရာထူးတန်းပေးလို့ဖြစ်ပါ့မလား တော်ကြာ အလုပ်တေပိနေဦးမယ်"

ထယ်ယောင်းကအမှန်တော့ မန်နေဂျာရာထူးလွတ်နေတာကိုတစ်ခြားသူကိုထားစေချင်သည်

"အဖေသိပါတယ်ကွာ ဂျောင်ကုကတော်တယ် ထက်မြက်တယ် ပြီးတော့သူ သူရတဲ့တာဝန်ကိုကောင်းကောင်းယူနိုင်လိမ့်မယ်ဆိုတာလညသိတယ်"

"ဟုတ်...ကောင်းပါပြီ"

အားလုံးကလည်းလက်ခုပ်တီးပြီး ဂျောင်ကုကို ကြိုဆိုလိုက်ကြတာပေါ့ ထယ်ယောင်းကတော့မတီးချင်တီးချင် fake smile နှင့်...

"အားလုံးပဲ မင်္ဂလာပါ ကျနော် ကင်မ်ဂျောင်ကုပါ ဥက္ကဋ္ဌကြီး ပြောသွားသလိုပဲ ကျနော်မန်နေဂျာရာထူးကိုယူမှာပါ ဒါပေမယ့် ကျနော်လုပ်တာတစ်ခုခုအမှားပါခဲ့မယ်ဆိုရင်တောင်းပန်ပါတယ် ပြီးတော့အချင်းချင်းပေါ့ပေါ့ပါးပါးပဲဆက်ဆံစေချင်ပါတယ် ကျနော့်အမှားတေကိုလည်းထောက်ပြပေးကြပါ"

လူတေကလည်း ဟုတ်ကဲ့ပါ သဘောကောင်းလိုက်တာ ဖော်ရွေလိုက်တာ ဘာညာပေါ့ ဂျောင်ကုအဖေဥက္ကဋ္ဌကြီးကလည်းအပြုံးပန်းတွေဝေလို့

"ဪ သားငယ် ဂျောင်ကု မင်းအဖေ့ကို အဖေလို့ပဲခေါ်လို့ရပါတယ်ကွာ"

"ဟို..ဒါမယ့် ကုမ္ပဏီ..."

"သားကြီးတောင်အဖေလို့ခေါ်တာပဲ ခေါ်လို့ရပါတယ်"

"ဟုတ်ကဲ့ အဖေ"

ဒီလိုနဲ့ဂျောင်ကုတစ်ယောက် သူ့အဖေဥက္ကဋ္ဌကြီးရဲ့ အားကိုးရတဲ့ဘယ်လက်ရုံးတစ်ယောက်ဖြစ်လာခဲ့တာပေါ့

(A/N:ညာလက်ရုံးကတော့နဂိုထဲကရှိပြီးသားCOOကင်မ်ထယ်ယောင်းပေါ့နော်)

ကုမ္ပဏီရှိဝန်ထမ်းတိုင်းကဂျောင်ကုလေးကိုချစ်ကြတယ် သဘောလည်းကျကြတယ် ထယ်ယောင်းကိုတော့နဂိုထဲက ရွံကြောက်ပေါ့

ထယ်ယောင်းကအလွန်အပေါ်စီးဆန်တတ်သည် ထို့ကြောင့် တော်တော်များများရဲ့မျက်စိထဲ ထယ်ယောင်းက Crossing

🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️Where stories live. Discover now