~🔞Part 17🔞~

2.7K 149 39
                                    

Unicode

"ကဲ မင်လေး ဦးသွားပြီနော်"

"ဟ..ဟုတ်"

ငိုအံ့ဆဲဆဲမျက်နှာလေးမဲ့ပြီးသူ့ဦးကိုဖက်ထားတဲ့ဂျီမင်းလေးရယ်ပါ လေဆိပ်လယ်ကြီးမှာဆိုတော့လူတေကလည်းဝိုင်းကြည့်လို့

ထယ်ယောင်းသူ့အင်္ကျီစ စိုစွတ် လာတာသတိထားမိတော့ ဂျီမင်းမျက်နှာလေးကိုမော့စေတယ် ဟုတ်တာပေါ့... သူ့ချစ်ရတဲ့ကောင်ငယ်လေး ငိုနေတာ

"မင်လေး...မငိုရဘူးလေ ခလေးလေးရဲ့ ဦး ကပြန်လာမှာပဲကို"

"မင်လေးကမှ ဦးနဲ့မှမခွဲနိုင်တာ တစ်ရက်လေးတောင်ခွဲနိုင်ဝူး"

"မင်လေးရယ် ဦးနဲ့vcနေ့တိုင်းပြောမယ်လေနော်"

"အွမ်းပါ ဟင့်..အဟင့်"

"လိမ္မာပါတယ် ခလေးလေးက မငိုနဲ့ တိတ်တော့"

"ဟုတ်...."

ဒီလိုနဲ့လေယာဉ်လည်းထွက်တော့မှာမို့ ဒီနေရာမှာတင် လင်လင်နှစ်ယောက်အလွမ်းသယ်နေတာရပ်လိုက်ကြရတော့သည်

ဂျီမင်းလေးလည်းတရှုံ့ရှုံ့နဲ့ငိုလို့ဝမှ အိမ်ကိုပြန်လာတယ် ယောက်ျားကိုသာခုနတုန်းကမသွားစေချင်ဘူးပြောတာ အိမ်ပြန်ရောက်တော့အိပ်ပျော်နေတာ ကုလားသေကုလားမော...

ညနေစောင်းမှ အိပ်ရာကထလိုက်တော့ အနားက သူ့ကိုဘေးတစ်စောင်း လှဲရင်းကြည့်နေတဲ့ဂျောင်ကုကြောင့်လန့်သွားရတယ်

"ကို...ကိုကို?!!!ဘာလို့အခန်းထဲ"

"ဘာလဲ ကိုယ့်ချစ်သူအခန်းထဲကိုယ်မဝင်ရဘူးလား"

"ရတော့ရပါတယ် ဒါမယ့်လေ အဖေတို့အမေတို့ ပြီးတော့အစ်မဂါယောင်းမြင်လည်းမကောင်းဘူးလေ"

"စိတ်မပူနဲ့ အဖေရောအမေရော ညီမလေးဂါယောင်းရော ဒီညပါတီရှိလို့တဲ့သွားကြတယ် နက်ဖြန်မှပြန်ရောက်မှာ"

"ဪ အဲ့တာ ဘာလို့ကိုကိုကလိုက်မသွားတာလဲ"

"အဲ့တာက...ကိုကိုကမလိုက်ချင်ဘူးသူငယ်ချင်းအိမ်သွားမလို့ လို့ပြောလိုက်တာလေ"

"ဪ..."

"ဂျီလေးကိုလည်းအဖေတို့ကခေါ်သွားချင်တာ ဂျီလေးအိပ်နေတယ်ဆိုတော့ခေါ်မသွားတော့တာ"

🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️Where stories live. Discover now