Chapter 9: Encounter old lover

6.5K 993 0
                                    

Unicode

ရွှီမုရန်က ဦး​ဆောင်သွားပြီး ​ရှောင်ကျင့်ထျင်က ​နောက်မှလိုက်သွား၏။

လမ်းတစ်လျှောက်တွင်လူများစွာက ရွှီမုရန် နှင့် ​ရှောင်ကျင့်ထျင်တို့ အတူတူလမ်းလျှောက်လာသည်ကို ထူးဆန်း​သောမျက်နှာများဖြင့် ကြည့်​နေကြသည်။

အစ်ကိုကျင့်ထျင် " ဘယ်သွားမလို့လဲ! " သိမ်မွေ့သောအသံတစ်ခုထွက်လာသည်။

​ရှောင်ကျင့်ထျင် ပတ်ပတ်လည်ကို လှမ်းကြည့်တော့ သူက လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ​ရှောင်ကျင့်ထျင်သည် ဤကမ္ဘာပေါ်တွင် ​ကလေးများစွာကို မိန်းက​လေးလို မွေးမြူထားကြောင်း ဟိုးအရင်ကတည်းက သိခဲ့သော်လည်း၊ ယောက်ျားတစ်ယောက်မှ ဤကဲ့သို့ ပြောဆိုသည်ကို ကြားလိုက်သောအခါတွင် သူ၏ဦးရေပြားများမှာ ထုံကျင်နေ​သေးသည်။

သူ့ဆီ လာ​နေသည့်သူ၏အသွင်အပြင်ကိုမြင်လိုက်ရ​သောအခါ ​ရှောင်ကျင့်ထျင်၏စိတ်ထဲတွင်ရှိ​သော မှတ်ဥာဏ်များ နိုးကြားလာသည်။ ​မူလရှောင်ကျင့်ထျင်သည် ​ရှောင်အိမ်တွင်ရှိစဉ်က ရွှီမုရန်မှအပ မယားငယ်များစွာရှိသည်။ ၎င်းတို့ကို ယခု​နေရာသို့ စေလွှတ်လိုက်သောအခါတွင် ထိုမယားငယ်များသည် မပျော်မရွှင်ဖြစ်ကာ အခြားနည်းလမ်းရှာပြီး ​ရှောင်ကျင့်ထျင်ကို ချန်ထားခဲ့ကြသည်။

​ရှောင်ကျင့်ထျင်သည် အထီးကျန်စွာမနေချင်သူဖြစ်သည်။
တုချိုးရွာကို ရောက်ပြီးနောက် သူသည်ရွာရှိ ရုပ်ရည်ချောမောသော ညီငယ်အချို့နှင့် ပေါင်းသင်းရန် ကြိုးစားခဲ့သည်။ ညီငယ်အများစုသည် ​ရှောင်ကျင့်ထျင်ကို လျစ်လျူရှုထားသော်လည်း အမြဲတမ်းခြွင်းချက်ရှိပါတယ်။ ဤ ချိုးပိုင် သည်ခြွင်းချက်တစ်ခုဖြစ်သည်။

​ရှောင်ကျင့်ထျင်က သဘောကောင်းပြီး ချိုးပိုင်က သူလိုချင်တာရှိလျှင် ချော့ပြောတတ်၏။  ​ရှောင်ကျင့်ထျင်သည် ချိုးပိုင်အတွက် ငွေကြေးများစွာ သုံးစွဲခဲ့သည်။ ချိုးပိုင်ကလည်း အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ။

" ငါ တောထဲသွားမလို့ " ​ရှောင်ကျင့်ထျင်က ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now