Chapter 59: Xiao Family

4.9K 822 21
                                    

Unicode

ကျိုးမိသားစု....

" မမ " စွင်း​မြောင်​မြောင်က စွင်း​​မြောင်ယင်၏ အိပ်ခန်းထဲသို့ ဝင်လာပြီး လှမ်းအော်လိုက်သည်။

" မင်း စိတ်အ​ခြေအ​နေမ​ကောင်းဘူးပဲ! " စွင်း​မြောင်ယင်က စွင်း​မြောင်​မြောင်ရဲ့မျက်နှာကို ကြည့်လိုက်၏။

" ရှောင်လင်ဖုန်းနဲ့ ဝမ်လုတို့က အသက်ရှင်နေသေးပြီး သူတို့နှစ်ယောက်လုံး အဆင့်ရှစ်ထိ တက်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီကပ်ဆိုးနှစ်ခုရဲ့ ကံကြမ္မာက တကယ်ကိုခက်ခဲတယ်။ ဒီမ​ကောင်းတဲ့ ဝမ်လုက ငါ့ကို တစ်နေ့တာလုံး ပြင်းပြင်းထန်ထန်ပုံစံကို ပြသနေတယ်။ အကယ်၍ ညီမသာ စွင်းမိသားစုက စွင်းမိန်းက​လေး မဟုတ်ပါက သူမက ငါ့ကို အသေရိုက်သတ်မိသွားလိမ့်မယ်။ " စွင်း​မြောင်​မြောင်က ဒေါသတွေအပြည့်နဲ့ပြောလိုက်သည်။

ဝမ်လုသည် အမှန်တကယ် မာနကြီးလွန်းပြီး ရှောင်မုဟုန်၏ ကိုယ်လုပ်တော်အား လူမြင်ကွင်းတွင် သေသည်အထိ ရိုက်နှက်ခဲ့သည်။ ဖုန်းရွှယ်အာကို သူမကိုယ်တိုင်က မကြိုက်ပေမယ့် လူတွေကို သေတဲ့အထိ အရိုက်ခံရတာကို မြင်လိုက်ရသည့်အခါ သူမစိတ်ထဲတွင် ထိပ်လန့်မှုတွေခံစားရဆဲဖြစ်သည်။

ရှောင်ကျင့်ထျင်သည် စွင်း​မြောင်​မြောင်ကို ယခင်က လိုက်ခဲ့ဖူးပြီး သူမကပြတ်သားစွာ ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ရှောင်မုဟုန်နှင့် လက်ထပ်ခဲ့သောကြောင့် စွင်း​မြောင်​မြောင်အပေါ် ဝမ်လု၏ အထင်အမြင်မှာ အလွန်ဆိုးရွားခဲ့သည်။

" ရှောင်မုဟုန်ကို လက်ထပ်လိုက်တာ နည်းနည်းမှားသွားပြီ။ ရှောင်မုဟုန်က တာဝန်ယူနိုင်မယ်လို့ ငါထင်ခဲ့တာ။ " စွင်း​မြောင်ယင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

စွင်း​မြောင်​မြောင်က သက်ပြင်းချပြီး " ကျွန်မ အိမ်ထောင်ကျပြီးနေပြီ၊ အခု ဒီအကြောင်းကို ပြောဖို့ အရမ်းနောက်ကျနေပြီ! " လို့ ပြောလိုက်၏။

" ကျင့်ကြံမှုလမ်းကြောင်းမှာ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေတာ၊ ​​ရှောင်လင်ဖုန်းနဲ့ ဝမ်လုက ဒီတစ်ချိန်မှာ လွတ်မြောက်သွားနိုင်​ပေမယ့် နောက်တစ်ကြိမ် လွတ်​မြောက်နိုင်မယ်လို့ မဆိုလိုဘူး။ စောင့်ကြည့်လိုက်ရုံ​ပေါ့! " စွင်း​မြောင်ယင်က သူမကို နှစ်သိမ့်ပေးလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now