Chapter -94 Elixir Silkworm

2.9K 428 19
                                    

Unicode

ကျောင်းကျင်း၏မျက်လုံးများက ရှောင်ရှောင်ဖန်ထံ လှည့်လာပြီး အနည်းငယ် ကျေးဇူးတင်နေမိသည်။

" က‌လေး၊ ဒီကျောက်တုံးက မင်းရွေးခဲ့တာလား? "

ရှောင်ရှောင်ဖန်က ခေါင်းညိတ်ပြီး " ဟုတ်ကဲ့! "

" ဒီလို ငယ်ရွယ်တဲ့အချိန်မှာ မင်းက ချီကျင့်ကြံခြင်းရဲ့ ဒုတိယအဆင့်ကို ရောက်နေပြီ၊ မင်းရဲ့ရှေ့မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိနေတယ် " ကျောင်းကျင်းက ပြောသည်။

ရှောင်ရှောင်ဖန် ရှက်ပြုံးလေးပြုံးလိုက်လေ၏။

ကျောင်းကျင်းသည် ဆေးဝိညာဉ်ပိုးကောင်ကို ရပြီးနောက် အမြန်ထွက်လာခဲ့သည်။

ဒီမြင်ကွင်းကို ကြည့်ရင်း အိုးယန်ကျင်းရဲ့ နှလုံးသားက ခုန်ပေါက်သွားလေသည်။ ရှောင်ချင်းယန်၏ညီဖြစ်သူသည် အုတ်မြစ်ချတည်ဆောက်ခြင်း ကျင့်ကြံသူနှင့် သိကျွမ်းခဲ့ပြီး ဝိညာဉ်ကျောက်တုံး တစ်ဒါဇင်ကျော် လက်ခံရရှိခဲ့သည်။ ဘယ်လောက်ကံကောင်းလိုက်သလဲ! ထိုမျှများပြားသော ဝိညာဉ်ကျောက်တုံးများအကြောင်းတွေးရင်း အိုးယန်ကျင်းသည် သူမ၏ ရင်ဘတ်တွင် အသက်ရှူကြပ်သည့်ဝေဒနာကို ခံစားလိုက်ရသည်။

မြို့သခင်မိသားစုသည် အရေးပါသော်လည်း မိသားစုတွင် လူများစွာရှိသေးသည်။ အိုးယန်ကျင်း၏ဖခင် ကျင့်ကြံမှုမှာ မမြင့်မားသောကြောင့် မြို့သခင်မိသားစုတွင် အဆင့်အတန်းမရှိပေ။ သူမသည် ကိုယ်လုပ်တော်၏သမီးသာဖြစ်သည်။ သူမသည် မြို့သခင်မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်သော်လည်း သူမနှင့် အိုးယန်ကျင်းယွဲ့၏ ဆက်ဆံခံရပုံမှာ အလွန်ကွာခြားပါသည်။

" ဖေဖေ.. ဆေးဝိညာဉ်ပိုးကောင်ဆိုတာ ဘာလဲဟင်? " ရှောင်ရှောင်ဖန်က မေးသည်။

" ဒီအတိုင်းပိုးကောင်ပဲမဟုတ်လား? " ရှောင်ကျင့်ထျင်က ပြောလိုက်သည်။

ဆေးဝိညာဉ်ပိုးကောင်က ဘာလဲဆိုတာ သူလဲ သေချာမသိပေ။ သို့သော် ထိုစီနီယာ၏ တုံ့ပြန်မှုကို သုံးသပ်ကြည့်လျှင် တစ်ခုခုတော့ ကောင်းသင့်ပေသည်။

အိုးယန်ကျင်းယွဲ့က ရှောင်ရှောင်ဖန်ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်ကာ " မင်းက ဆေးဝိညာဉ်ပိုးကောင်ဆိုတာ ဘာမှန်းတောင်မသိဘူး။ တော်တော်တုံးတာပဲ "

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now